Monday, October 26, 2009

Understanding PC Hardware


Computer Hardware အကြောင်းကိုအသေးစိတ်သိလိုသူများ
အတွက်..မျိုးသူရ..ထုတ်ဝေသော Understanding PC Hardware
စာအုပ်လေးပါ..အသုံးဝင်မယ်ထင်ပါတယ်..မရှိသေးသူများအတွက်
အောက်တွင်ဒေါင်းယူလိုက်ပါဦး..



ဆက်လက်ဖတ်ရှူရန်...

Microsoft Windows XP Registry Guide


ဒါလေးကတော့ကွန်ပျူတာပြုပြင်တဲ့ညီအစ်ကိုတွေအတွက်
Windows Registry Guide စာအုပ်လေးပါ..လိုအပ်ရင်တော့
အောက်မှာဒေါင်းယူလိုက်နော်...



ဆက်လက်ဖတ်ရှူရန်...

English For Computer Users


ဒီတစ်ခါတော့ကွန်ပျူတာအသုံးပြုသူများအတွက်သင့်တော်သော
စာအုပ်လေးပါကွန်ပျူတာတွင်သုံးနှုန်းသောEnglish စာဝေါဟာရ
များကိုအလွယ်တကူလေ့လာနိုင်စေရန်ရည်ရွယ်ပြီးတင်ပေးလိုက်
ရပါသည်..ကျွန်တော့်ဆိုဒ်လေးကိုနေ့စဉ်ရောက်လာကြသော
ညီအစ်ကိုမောင်နှမများကို..အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်
ကိုယ်ရေးကိုယ်တာကိစ္စများကြောင့်ပိုစ့်များထပ်မံမတင်နိုင်ခြင်း
ကြောင့်သည်းခံပြီးစောင့်စားပေးကြလို့ကျေနပ်ဝမ်းသာမိပါတယ်..
အချိန်ရသလိုပို့စ်များတင်ပေးပါမယ်..ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Wednesday, August 26, 2009

Making-wordpress-blog မြန်မာစာအုပ်


Wordpress ဖြင့် blog တစ်ခုဖန်တီးချင်ကြသောညီအစ်ကိုများအတွက်
မြန်မာ Making-wordpress-blog စာအုပ်လေးမျှဝေပေးလိုက်တယ်.
ဒေါင်းလိုက်ကြပါဦး..မပြောလည်းဒေါင်းကြမှာပါလေ..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

A+ အကြောင်းသိကောင်းစရာမြန်မာစာအုပ်


ကွန်ပျူတာပြုပြင်ခြင်းအတတ်ပညာကိုလေ့လာချင်၊တတ်ချင်သောညီအစ်ကို
များအတွက် ဦးဇော်လင်းဦး ရဲ့A+ အကြောင်းသိကောင်းစရာစာအုပ်ကိုမျှဝေပေးလိုက်ပါသည်
အောက်တွင်ဒေါင်းလုပ်လုပ်ပြီး..လေ့လာသင်ယူလိုက်ကြစို့နော်..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

HTML အကြောင်းအသေးစိတ်မြန်မာစာအုပ်..

HTML ဆိုတာဘာလဲ၊ အသေးစိတ်သိချင်နေသူများ..လေ့လာချင်နေသူများ၊
ကိုယ်တိုင်ရေးချင်နေသူများ၊ အားလုံးအတွက်.မြန်မာဘာသာနှင့်ထုတ်ဝေထား
သောစာအုပ်လေးကို လေ့လာချင်သူညီအစ်ကိုမောင်နှမများအတွက်မျှဝေပေးလိုက်
ပါတယ်..အောက်တွင့်ဒေါင်းလိုက်ကြနော်..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Nokia Software Updater for any Nokia Phone


ဒါလေးကတော့ Nokia Smart Phone အသုံးပြုသောဘော်ဒါများအတွက်
တင်ပေးလိုက်ပါတယ်..မိမိဖုန်းထဲတွင့် Software version နိမ့်နေလို့
စိတ်ညစ်နေသူများ..ဆိုင်တွင်သွားရောက်မြှင့်စရာမလိုတော့ပဲမိမိအိမ်မှာတင်
အလွယ်တကူ Version Update လုပ်နိုင်ပါတယ်..ခုဆိုရင်ဖုန်းတစ်လုံးကို
Version Update အနည်းဆုံးထိုင်း ဘတ်ငွေ 200 နှင့် 300 ကြားပေးရပါတယ်
ဖုန်းအမျိုးအစားကိုလိုက်ပြီး..Version ကွာခြားသွားပါတယ်..ကျွန်တော်ဆိုရင်
ခု Nokia N-95 သုံးနေပါတယ်..အရင်ကကျွန်တော့ဖုန်းက Software Version
က V 5.0.0.12 , 18.5.2006 ပါခင်ဗျာ..ခုဆိုရင်ကျွန်တော့ဖုန်းကို Update
လုပ်လိုက်တာ..Version V 31.0.017/ 16.12.2008 နောက်ဆုံး Version ရသွားပြီ
သုံးရတာလည်းမြန်ဆန်မှုရှိလာတယ်..Phone Application တွေလည်းအရမ်းစုံသွားတယ်
အရင်ကဆို Maps , တို့ Anti-virus တို့မရှိဘူးခုဆိုရင်စုံသွားတယ် Update
လုပ်လိုက်တာနဲ့တင်အားလုံးပါလာတယ်..ကြိုက်ရင်တော့အောက်မှာဒေါင်းလုပ်လိုက်ပါ
သူ့ကို Install လုပ်မယ်ဆိုရင်တော့ မိမိကွန်ပျူတာထဲမှာ Nokia PC Suite တော့ရှိပြီးသား
သွင်းပြီးသားဖြစ်ရပါမယ်..အောက်တွင်ဒေါင်းလုပ်လုပ်လိုက်ပါ..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Tuesday, August 25, 2009

Nokia Pc Suite For any Nokia Phone


ကွန်ပျူတာနဲက Nokia smart phone များချိတ်ဆက်ပြီးအင်တာနက်အသုံးပြုခြင်း၊
သီချင်း၊ဓါတ်ပုံ၊ဖိုင်များထည့်သွင်းခြင်း၊Mobile Distionary ၊ Go talk Mobile
(chat only)၊ Fring (chat & Talk ) အစရှိသော Applications များမိမိမိုဘိုင်းဖုန်း
ထဲသို့အလွယ်တကူထည့်သွင်းနိုင်ရန် တင်ပေးလိုက်ရပါသည်..
ကဲအောက်တွင်ဒေါင်းလိုက်ကြစို့



ဆက်လက်ဖတ်ရှူရန်...

Computer Desktop ပေါ်မှာရှိတဲ့ Icon အားလုံးကို Lock ချထားမယ်နော်

ဒီနည်းလေးကတော့အပျော်တမ်းစကြနောက်ကြတဲ့နည်းလေးပါပဲရိုးရိုးလေးနဲ့
ပျော်စရာကောင်းပါတယ်..သိပြီးသားသူများအတွက်ကတော့အရမ်းလွယ်သလို
မသိသေးတဲ့သူများအတွက်ကတော့..ပညာတစ်ခုပါပဲ..ပထမဦးစွာမိမိDesktop
ပေါ်မှာ Pointer လေးချပြီးတော့ Keyboard မှ Print Screen ခလုပ်ကိုနှိပ်လိုက်ပါ
ပြီးရင်..Start-->run ကိုနှိပ်ပါ mspaint ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
paint box ပေါ်လာရင် Keyboard မှ Ctrl+v ကိုနှိပ်လိုက်ပါ..ပြီးရင် JPEG ဖိုင်နဲ့
မိမိကြိုက်နှစ်သက်သောနေရာတွင် Save လုပ်လိုက်ပါ..ပြီးသွားရင် paint box
ကိုပိတ်လိုက်ပါ..ပြီးရင် Desktop ပေါ်က Icon အားလုံးကို Select all လုပ်
ကော်ပီလုပ်ပြီး တစ်နေရာတွင်သိမ်းထားလိုက်ပ..ပြီးရင်အားလုံးကိုဖျက်လိုက်ပါ
Recycle bin ကတော့ဖျက်လို့ရမှာမဟုတ်သေးပါဘူး..Desktop ပေါ်မှာ
Recycle bin တစ်ခုတည်းကျန်နေရင် Start-->run ကိုပြန်သွားပါ run box
ထဲတွင် gpedit.msc ရိုက်ထည့်ပြီး Enter ခေါက်ပါ ပြီးရင်
User Configration --> Adminstrative Templates-->Desktop
ဆိုပြီးအဆင့်ဆင့်သွားလိုက်ပါ..ညာဘက်ချမ်းမှာ Remove Recycle bin icon
from desktop ဆိုတာကို Double click နှိပ်ပြီး Enable ကိုအမှတ်ပေးပြီး
OK လုပ်လိုက်ပါ.ပြီးရင်ပြန်ထွက်လိုက်ပါ..Desktop ပေါ်မှာ Recycle bin
icon မရှိတော့ပါဘူး Desktop ပေါ်မှာ Icon အားလုံးမရှိတော့ဘူးဆိုရင်
Mouse နဲ့ Right click နှိပ်ပြီး Properties ကိုဝင်လိုက်ပါ.ပြီးရင် Desktop tab
ကိုသွားလိုက်ပါ Browse ကိုနှိပ်လိုက်ပါ..စောစောကကျွန်တော်တို့ save လုပ်
ထားသော JPEG ပုံလေးကိုယူလိုက်ပါပြီးရင် apply --> ok လုပ်လိုက်ပါ
ဒါဆိုရင်မိတ်ဆွေတို့ Desktop ပေါ်မှာ အ၇င်ကလို Icon လေးတွေအားလုံး
ပြန်ပေါ်နေပါပြီ..သို့ပေမယ့်အဲဒီအိုင်ကွန်လေးတွေက..နှိပ်လို့မရပါဘူး..
သူကရိုးရိုး Background တစ်ခုဖြစ်နေလို့ပါပဲ..ဒီနည်းနဲ့..ပျော်ရွှင်စွာ
နောက်ပြောင်ကြည်စယ်လို့ရပါတယ်..ပျင်းနေမှာစိုးလို့တင်ပေးလိုက်ပါတယ်
ဖိုးတာတေ..




ဆက်လက်ဖတ်ရှူရန်...

Saturday, July 18, 2009

Gtalk ကနေမြန်မာပြည် GSM ဖုန်းကိုမက်ဆစ်ပို့ကြစို့နော်..

ကျွန်တော်ချစ်သောချစ်မြန်ပြည်ကသူငယ်ချင်းများအတွက်
သတင်းကောင်းလေးတစ်ခုပါးလိုက်ပါရစေ...
လုပ်နည်းလေးကတော့အရမ်းလွယ်ပါတယ်.

မြန်မာပြည်ကိုဖုန်းခေါ်ဖို့မတက်နိုင်သူများအတွက်..ဒီနည်း
လမ်းလေးနဲ့မက်ဆစ်ပို့ကြစို့နော်..သိပြီးသူများအတွက်
မရည်ရွယ်ပါဘူးခင်ဗျာကိုယ်သိထားတဲ့သတင်း၊နည်းပညာ
လေးတွေကိုမျှဝေပေးတဲ့သဘောပါ..gtalk ကနေ
မြန်မာနိုင်ငံကို ဖုန်းMessage ပို့ရတာ တော်တော်
အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက
ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။
၁၀မီနစ်လောက်ကြာအောင်တော့ စောင့်ရတယ်။
ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။
အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com
လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online
ရောက်လာပါလိမ့်မယ်။ အောက်က ပုံလေးလို ပို့ကြည့်ပါ။
gtalk message box ထဲမှာ( sms 09+++++++
hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။
ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။
country code တွေ ခံစရာမလိုပါဘူး။ 095217892
ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ
စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့
တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။
နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး
ဒီပို့လေး တင်ဖြစ်သွားတာပါ..မန်ဘာဝင်ချင်သူများ
ဒီမှာ
ဝင်လိုက်နော်..ကျေးဇူးတင်ပါသည်..
သူငယ်ချင်း(anex192@gmail.com)ဆီမှမေးလေးကို
ပြန်မျှဝေပေးလိုက်ပါသည်..
ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

Monday, July 6, 2009

Autorun Virus ကိုကာကွယ်ရန် Autorun Killer Portable


Autorun Virus အကြောင်းကိုတော့ကျွန်တော်ပြီးခဲ့သောပို့စ်မှာ
ရှင်းပြခဲ့ပြီးပါပြီခင်ဗျာ..နားလည်သောသူငယ်ချင်းများအတွက်
အဆင်ပြောချောမွေ့မှာပါ..နားမလည်သောသူငယ်ချင်းများ
အတွက်တော့..Autorun Killerခေါ် CPE17ဆော့ဖ်ဝဲလေးကိုမိမိ
ကွန်ပျူတာရဲ့Drive (c) ထဲမှာကူးပြီး.Double Click နှိပ်ပြီးသွင်း
ပေးလိုက်ပါဒါဆိုရင်Taskbar ပေါ်တွင် Icon အစိမ်းရောင်လေး
ရောက်နေပါပြီUSB Devices အားလုံးမှ Autorun Virus အတွက်
ကိုတော့စိတ်ချသွားရလောက်ပါပြီ..ကဲ.ဒေါင်းလိုက်ကြပါဦး..



ဆက်လက်ဖတ်ရှူရန်...

VOIP နှင့် နိုင်ငံတကာသို့ဖုန်းဖရီးခေါ်ကြစို့


VOIP Discount ဆော့ဖ်ဝဲဖြင့်မန်ဘာဝင်ပြီးနိုင်ငံပေါင်း 24 နိုင်ငံသို့
ဖရီးခေါ်ကြရအောင်..မန်ဘာစစဝင်ဝင်ချင်းfree test call ပေးပါတယ်
ပြီးရင်အကောင့် မိမိအကောင့်ထဲသို့Account Reseller ထံတွင်သော်
လည်းကောင်း..မိမိဘဏ်ကဒ်နဲ့သော်လည်းကောင်း အနည်းဆုံး
Euro 10 ဒေါ်လာဖိုးဖြည့်လိုက်ပါ..မိမိပိုက်ဆံမကုန်ပဲနိုင်ငံ
(24)နိုင်ငံကို(4)လဖရီးဆက်လို့ရပါတယ်..ဖရီးကုန်သွားရင်လည်း
အသက်သာဆုံးဝန်ဆောင်မှုစနစ်ဖြင့်ဆောင်ရွက်ပေးပါသည်..
အသေးစိတ်သိလိုလျှငဒီမှာလေ့လာနိုင်ပါသည်။
ကျွန်တော်ကတော့ထိုင်းကိုဖရီးဆက်လို့ရတဲ့အတွက်အများကြီး
အဆင်ပြေတယ်ဗျို့..ဟီးဟီး..ကောင်မလေးနဲ့စကားပြောလို့
ကောင်းမှကောင်းအကြားကြီးပြော..ကြိုက်သလိုပြောပိုက်ဆံကုန်ဘူး
ဟဲဟဲဒေါင်းလိုက်ကြစို့သူငယ်ချင်း..



ဆက်လက်ဖတ်ရှူရန်...

USB Ports မှ Virus ကာကွယ်ရန်..



MP3/4 Players, USB Memory Sticks, Mobile Phone ,.etc
အစရှိသော External Devices တွေမှအများဆုံးကွန်ပျူတာအတွင်း
သို့ Virus ဝင်ရောက်တာကိုမိတ်ဆွေသူငယ်ချင်းများမကြုံတွေဘူး
သူရှိမယ်မထင်ပါဘူး..ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ဘူးပါတယ်
Virus အားလုံးကိုမဆိုလိုပေမယ့်..အများစုကတော့သူနဲ့တင်ပြီးပါတယ်
တစ်ကိုယ်ရေသုံးကွန်ပျူတာရောဆိုက်ဘာကဖေးများအတွက်ပါ
မရှိမဖြစ်လိုအပ်သည့်ဆော့ဖ်ဝဲတစ်ခုလို့ဆိုချင်ပါတယ်..
ကျွန်တော်လည်းလက်ရှိအသုံးပြုနေပါတယ်ခင်ဗျာ..
အောက်တွင်ဒေါင်းလိုက်ကြစို့နော်..ဒေါင်းသာဒေါင်းကြဗျာ.
အားမနာနဲ့နော်..ဟီးဟီးအလကားရတာပဲဟာ..



ဆက်လက်ဖတ်ရှူရန်...

Gmail မှ Webcam ဖြင့် ဗွီဒီယိုချက်ကြစို့


Firefox Browser တွင် ဂျီမေးမှ ကင်မရဖြင့်ချက်သောစနစ်ကိုယခုအခါတွင်
ကျယ်စွာအသုံးပြုနေကြပါပြီ..မသိသေးသူများအတွက်အောက်တွင်
ဒေါင်းလုပ်
လုပ်ပြီးသွင်းယူနိုင်ပါသည်..သူ့ကိုသွင်းရန်အတွက် အင်တာနက်ကွန်နက်ရှင်
ရမှသွင်းလို့ရပါသည်..သွင်းပြီးသွားရင် Firefox ကို Restart လုပ်ပေးလိုက်ပါ.
ဒါဆိုရင်ရပါပြီ..မိမိပြောဆိုမည်..သူငယ်ချင်းဘက်တွင်လည်းထိုနည်း
အတိုင်း
ဆောင်ရွက်ထားဖို့လိုအပ်ပါသည်..အားလုံးပြီးသွားရင်တော့စတင်ပြီး
ကင်မရာဖြင့်ချက်လို့ရပါသည်..အောက်တွင်ဒေါင်းယူလိုက်ပါခင်ဗျာ.



ဆက်လက်ဖတ်ရှူရန်...

လူသုံးအများဆုံးနှင့်ရေပန်းအစားဆုံး.. Web Browser


အင်တာနက်အသုံးပြုသူအများကြိုက်နှစ်သက်ကြတဲ့..အင်တာနက်
အသုံးပြု
သူတိုင်းလိုအပ်တဲ့ Web Browser တစ်ခုပါ..ကျွန်တော်
လည်းအရမ်းကိုကြိုက်
နှစ်သက်ပါတယ်. New Version လေးပါ..
လိုအပ်သူများအတွက်အဆင်ပြေ
အောင်..တင်ပေးလိုက်ပါတယ်
ခင်ဗျာ..




ဆက်လက်ဖတ်ရှူရန်...

Monday, June 15, 2009

Internet Download Manager 5.15


အင်တာနက်ဒေါင်းလုပ်မန်နေဂျာပါ..ဖိုင်းမျိုးစုံကိုဒေါင်းလုပ်လုပ်လို့ရပါတယ်..
သူ့ကိုdouble click နှိပ်ပေးလိုက်ရုံပါပဲ..ပြီးရင် Task bar ပေါ်တွင်
Icon အစိမ်းလေးတစ်ခုပေါ်နေပါပြီ..မိမိဒေါင်းလုပ်လုပ်ချင်တဲ့ဆိုဒ်ကိုသွားပါ
ဒေါင်းလုပ်လုပ်ချင်တဲ့ဖိုင်ကိုတစ်ချက်ကလစ်လိုက်တာနဲ့သူကဒေါင်းလုပ်လုပ်
ရန်ပြထားပြီးသားပါ..မိမိsave လုပ်ချင်တဲ့နေရာကိုရွေးလို့ရပါတယ်..
ပြီးရင် Start download ကိုနှိပ်လိုက်ရုံပါပဲ..လွယ်ကူပါတယ်..
မိတ်ဆွေတို့အတွက်အဆင်ပြေမှာပါ..မီးပျက်သွားလည်းအဆင်ပြေပါတယ်
ရောက်တဲ့နေရာကနေပြန်ဒေါင်းလို့ရပါတယ်..ခင်ဗျာ..
လိုချင်သပါ့ဆိုရင်တော့..အောက်တွင်ဒေါင်းလိုက်ပါ..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

EM.Total Video Converter လေးပါ..




ဖော်မတ်မျိုးစုံပါတဲ့ Total Video Converter လေးပါခင်ဗျာ..
သူငယ်ချင်းတစ်ယောက်ကတင်ပေးပါဆိုတာနဲ့
Install လုပ်စရာမလိုတဲ့ Portable Software လေး
တင်ပေးလိုက်ပါတယ်..လွယ်ကူတယ်.ရှင်းလင်းတယ်
အရည်အသွေးကောင်းတယ်..
ပြောင်းလို့ရနိုင်သောဖော်မတ်များကတော့.
3GP,MP4,FLV,AVI,SWF,WMV,MOV,GIF
JPEG IMAGE,MPEG,TS,ASF,MKV
များဖြစ်ပါသည်..အောက်တွင်းဒေါင်းယူလိုက်ပါ
ကျေးဇူးတင်ပါသည်..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Sunday, June 14, 2009

All Windows , Run Command , Command Prompt , Microsoft Shortcuts

အားလုံးသောမိတ်ဆွေသူငယ်ချင်းများကိုမင်္ဂလာပါခင်ဗျာ..
ဒီရက်အတောအတွင်း..အလုပ်တွေတအားဘီးစီးနေလို့..
ပို့စ်လေးတွေမတင်ပေးနိုင်တာခွင့်လွှတ်စေချင်ပါတယ်..
ကဲရောဒီမှာသူငယ်ချင်းတို့ကြိုက်နှစ်သက်မယ်လို့ယူဆပါတယ်
ရှိပြီးသူလည်းရှိကြမှာပါ..သိပြီးသူများလည်သိကြမှာပါ..
တတ်သိပညာမနေသာဆိုသလို..ရှာလို့ရသမျှ.
Shortcuts Key လေးတွေအားလုံးမျှဝေပေးလိုက်ပါတယ်..
အချိန်နဲ့တပြေးညီရင်ဘောင်တန်းနေတဲ့ကွန်ပျူတာခေတ်ကြီး
မှာအားလုံးသောကွန်ပျူတာသုံးသူတိုင်းဟာ..သတ်မှတ်ထားသော
အချိန်အတိုင်းတာထက်ပြီးမြောင်စေချင်သောသူများဖြစ်ကြမည်မှာ
သေချာပါသည်..
ဒီလိုမြန်မြန်ဆန်ဆန်နဲ့ပြီးမြောက်ဘို့အတွက်..Mouse ကိုချည်းပဲ
အသုံးချနေလို့မဖြစ်နိုင်ပါ..ကီးဘုတ်ရဲ့အကူအညီအလွန်ပင်လိုအပ်
လာပါသည်..ထိုကြောင့်ကီးဘုတ်မှအလွယ်တကူခိုင်းစေနိုင်သော
Shortcuts များကိုတဆင့်မျှဝေပေးလိုက်ပါသည်..အောက်တွင်
zip ဖိုင်လေးကိုဒေါင်းလိုက်ပါခင်ဗျ..အားလုံးကိုကျေးဇူးတင်ပါတယ်..
ဖိုးတာတေ




ဆက်လက်ဖတ်ရှူရန်...

Sunday, May 3, 2009

Virus ကိုမိမိစက်ထဲကိုမဝင်အောင်ကာကွယ်နည်း..

Virus ဆိုတာနာမည်ကြားရုံမျှနှင့်ပင်..ရွံမုန်းနေကြမည်ဆိုတာ..လူတိုင်းဝန်ခံကြမှာပါ..
ဒီိလိုဒုက္ခပေးတတ်တဲ့ virus ကိုမိမိစက်ထဲကိုအလွယ်တကူမဝင်နိုင်အောင်အလွယ်တကူ
ပိတ်လို့ရပါတယ်..virus တွေဟာများသောအားဖြင့် External Drives များဖြစ်ကြတဲ့
CD Rom , Memory Stick , External Hard Disk , MP3/4 Players , Hand Phone အစရှိတဲ့
External Drives များကနေဝင်လာတာများပါတယ်..virus ရှိသော External Device တစ်ခုခု
ကွန်ပျူတာထဲကိုတပ်လိုက်ပြီဆိုတာနဲ့ များသောအားဖြင့်မိမိစက်ထဲကိုဝင်တာများပါတယ်..
မိမိကွန်ပျူတာမှာ Anti-virus ကလည်းမရှိဘူး USB Disk security လို့ခေါ်တဲ့ USB ကနေထိုးတဲ့
Devices တွေကို virus စစ်ပေးတဲ့ software မှရှိဘူး CPE17 လို Autorun virus သတ်ပေးတဲ့
software မှရှိခဲ့ရင်အဲဒီကွန်ပျူတာကို virus ရှိသော Thumbdrive လို့ခေါ်တဲ့ Memory Stick
လေးပဲထိုးကြည့်ပါ..90 % ကတော့ virus ဝင်မှာသေချာပါတယ်..အဲဒါဘာကြောင့်လည်းဆိုတော့.
virus ကိုစတင်ဖန်တီးတဲ့ programmer တွေက အလိုအလျောက်အလုပ်လုပ်မောင်းနှင်တဲ့.
autorun system ကိုထည့်သွင်းရေးထားကြလို့ပါပဲ..များသောအားဖြင့်တော့အထက်ပါဖော်ပြသော
ဆော့ဖ်ဝဲလေးနှစ်ခုနဲ့..anti-virus ကောင်းကောင်းလေးတစ်ခုဆိုရင်တော့ပြည့်စုံလုံလောက်နေပါပြီ
ဒါပေမယ့်တစ်ချို့virus တွေက CPE 17 လိုမျိုး autorun killer ကိုတောင်မမှုတဲ့ virus တွေအများကြီးပါ..
ဒီလို virus တွေက မိမိ PC မှာ Install လုပ်ထားတဲ့ Guard Applications တွေကို အရင်ဆုံး Killed လုပ်ပြီးမှ
ဝင်တာပါ..အဲဒါကြောင့် CPE 17 တစ်ခုထဲနဲ့လည်းစိတ်မချရသေးပါဘူး..အဲဒါဘာကြောင့်လည်းဆိုတော့
autorun ကြောင့်ပါ..ဒီ autorun ကိုဘယ်လိုကာကွယ်မလဲ..ကျွနုပ်တို့ သုံးနေတဲ့ OS ရဲ့ autorun system
ကိုသွားပိတ်ပစ်ရပါမယ်..ဒါဆိုရင်အနည်းဆုံးတော့ USB ထိုးတာနဲ့ virus မဝင်နိုင်တော့ဘူးပေါ့..
လုပ်နည်းလေးကလွယ်ပါတယ်..
Start-->run -->ကိုသွားပါ..run ဘောက်စ်ကျလာရင် gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ.
ပြီးရင် Computer Configuration အောက်က Administrative Templates -->system ကိုသွားပါ.
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါ..စိတ်ချရအောင်နောက်တစ်ခုထပ်လုပ်ပါ..Computer configuration
အောက်ကခေါင်းစဉ်နောက်တစ်ခုဖြစ်တဲ့ User Configuration ကိုသွားပါ Administrative Templates -->system
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါပြီးရင်ပိတ်လိုက်လို့ရပါပြီခင်ဗျာ..
အမြဲအားပေးနေတဲ့ညီအစ်ကိုသူငယ်ချင်းများကိုပုံမှန်ပို့စ်အသစ်လေးတွေမတင်နိုင်တဲ့အတွက်တောင်းပန်
ပါတယ်..ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ..
ဖိုးတာတေ

ဆက်လက်ဖတ်ရှူရန်...

ကြောက်မက်ဖွယ်ကောင်းသော Virus အသစ်.

အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း (အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment file နဲ့ mail လာပါလိမ့်မယ်။ မေးက ပုံကအရမ်းလှတယ်တဲ့။အဲ့တာကိုဖွင့်လိုက်ရင် Hard disk Drive sector ကိုburn တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။ ၀င်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာကMcAfee company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။ အဲ့တာဆို OK သွားပါလိမ့်မယ်။ ဒီပို့စ်လေးကိုကိုယ့်သူငယ်ချင်းတွေဆီforward လုပ်ပေးပါ ။
ကျွန်တော်လည်းတစ်ခါမှတော့မကြုံဘူးသေးပါ.ကြုံဘူးသောသူငယ်ချင်းမှား၏
ပြောပြချက်ကြောင့်သိရတာပါ..မိတ်ဆွေတို့လည်းကိုယ်တိုင်းကြုံဖူးရင်သိကြမှာပါ..
သူငယ်ချင်းများအားလုံးဗိုင်းရပ်စ်ရန်မှကင်းဝေးကြပါစေ..



ဆက်လက်ဖတ်ရှူရန်...