တစ်ခါကလေယာဉ်တစ်စင်းပေါ်တွင်...လေယာဉ် ပြတင်းပေါက်ဘေးမှာ
ထိုင်၍ လိုက်ပါလာသူ
ခရီးသည်တစ်ယောက်သည်တရွေ့ရွေ့လျားနေကြသော
တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ
လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက `ဘယ်လိုလဲ၊ ကျွန်တော်နဲ့
လိုက်ခဲ့မလား´ဟုလှမ်းမေး၏။ ဒီတော့ ခရီးသည်က `ကျေးဇူးပဲ၊
မလိုက်တော့ပါဘူး။ တိမ်တွေကို
ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´
`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား
လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့ လေယာဉ်ပျံကြီးရဲ့
လေယာဉ်မှူးပါ။ကဲသွားပြီ၊ တာ့တာ´
Monday, February 2, 2009
ရယ်စရာလေးများ...
ဘ၀မှာ..အဆိုးရွားဆုံးအရာ..
အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်..အိပ်ရာခင်းကို..
သပ်သပ်ရပ်ရပ်ခေါက်ထားပြီး..
အားလုံးသန့်သန့်ရှင်းရှင်းဖြစ်နေတာမြင်တော့အံသြသွားသည်..
အိပ်ရာဘေးက..မှန်တင်ခုံပေါ်မှာ..စာအိတ်တခုထောင်ထားတာ
တွေ့သွားသည်။..အမေသို့..လို့ရေးထားသည်..။
သူမ..တုန်လှုပ်စွာဖြင့်..စာအိတ်ကိုဖောက်ပြီး..စာကိုဖွင့်ဖတ်လိုက်သည်...။
အမေ သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ..အရမ်းလည်းနောင်တရတယ်..
ဝမ်းလည်းနည်းတယ်..။.
..သမီး..သမီးရည်းစားနဲ့..ခိုးရာလိုက်သွားပြီ..အမေ...သမီးတော့..
တကယ့်ကိုသမီးချစ်တဲ့လူကို
တွေ့ပြီ...သူက..သူရဲ့နားကွင်း..ဆေးမင်ကြောင်..နဲ့
သူဝတ်တဲ့..အ၀တ်အစားနဲ့..တကယ်ကိုပဲကြည့်လို့ကောင်းတယ်..။...
ဒါပေမဲ့..သမီး..သူ့နောက်လိုက်သွားတာ..ဒါတခုတည်းကြောင့်မဟုတ်ဘူး.
.အမေ..သမီးမှာ..ကိုယ်ဝန်ရှိနေပြီ..။..သူကပြောတယ်.သမီးတို့
ပျော်ပျော်ရွင်ရွင်နေကြရမှာတဲ့..။..
တောထဲမှာ..သူပိုင်တဲ့..တဲလေးရှိတယ်တဲ့..။
သူက..သမီးနဲ့အတူ..ကလေးတွေအများကြီးလိုချင်တယ်တဲ့....။.
သူကသမီးတို့..ဆေးခြောက်တွေ..ကိုကင်းတွေကိုစိုက်ပြီး..
အသက်မွေးကြမယ်တဲ့လေ..။.
..အဲဒီ့အချိန်အတွင်းမှာ..သမီးတို့..အေအိုင်ဒီအက်စ်ကို..ကုလို့ရမယ့်.
.ဆေးပေါ်လာပါစေလို့..ဆုတောင်းမယ်..ဒါမှ..
သမီးရည်းစားမြန်မြန်သက်သာမှာ..။
သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..
အခုဆို..၁၅နှစ်တောင်ရောက်နေပြီ.
.ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။
တနေ့နေ့ကြရင်..အမေတို့ဆီ..သမီးတို့ပြန်လာပြီး..
အမေ့မြေးလေးတွေကို..လာပြမှာပါ..
အမေ့ရဲ့..သမီး .. ဂျူလိုင်. .
PS:အမေ..အပေါ်မှာရေးထားတာတွေ..တခုမှ..မဟုတ်ဘူးသိလား..။.
.သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ..။...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က.
အံဆွဲထဲက.report cardထက်..ပိုပြီးဆိုးရွားတဲ့..
အရာတွေရှိတယ်ဆိုတာ..သိစေချင်လို့ပါ..။.
.သမီးအိမ်ပြန်လို့..စိတ်ချရပြီးဆိုရင်..သမီးဆီဖုန်းဆက်လိုက်နော်......။
" အိပ်ရေးပျက်သူများ "
နေ့ညမပြတ် ၊ အလုပ်ဖျက်လို့
အိပ်ပျက်ညတွေ ၊ သိပ်များနေပြီ
အသေအမော ၊ ဒီညစောစော ယူ ရမယ် ။
ပျော်လုပျော်ခင် ၊ အိပ်နေစဉ်ဝယ်
ကျုပ်ရင်ခုန်ကြမ်း ၊ မျက်စိလန်းအောင်
ဘေးခန်းကမောင် ၊ အာရုံဆောင်လေပြီ ။
ချိုးချွတ်ဂိုးဂွမ်း ၊ သင်းတို့ခန်းက
သောင်းကျန်းနေပါ့ ၊ ဘာကိစ္စတုန်း
စဆုံးသိအောင် ၊ နားစိုက်ထောင်မယ် ။
ကြားဝင်လေသွေး ၊ ဝေးမယ်ထင်သော
ဒီလင်မယား ၊ အသံကြားရတာ
တအားစိုးနှောင့် ၊ အာခေါင်ခြောက်နေပြီ ။
မီးကမှိတ်တုတ် ၊ တဖုတ်ဖုတ်နှင့်
မဟုတ်မှလွဲရော ၊ ဘသားချောတို့
ပြောလို့မကောင်း ၊ ငြိမ်ပြီးချောင်း(ဦး)မှ ။
ထရံပေါက်နား ၊ ကျုပ်ရောက်သွားပြီး
တအားစူးစမ်း ၊ အထဲလှမ်းကြည့်တော့
အရမ်းတိကျ ၊ ကျုပ်သိရပေပြီ ။
ဂျာနယ်ကိုလိပ် ၊ အံကိုကြိတ်လို့
မအိပ်မနေ ၊ သင်း တို့တွေက
သွေးတွေသောက်သွား ၊ ကြမ်းပိုးများအားတအားသတ်နေကြသည်ကိုး…… တောက် ! ။
source>>> သူငယ်ချင်းမေးမှတဆင့်
ကိုယ်ပေးတဲ့ လက်စွပ်လေးရဲ့ အဓိပ္ပါယ်ကို သိလား ... .
တစ်ခါတုန်းက ကောင်ကလေးတစ်ယောက်က သူ့ချစ်သူ
ကောင်မလေးကို ချစ်သူသက်တမ်း
တစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ချစ်သက်လက်ဆောင်
လက်စွပ်လေး တစ်ကွင်းကို
ကောင်မလေးရဲ့ လက်သူကြွယ်လေးမှာ လက်ဆောင်အဖြစ်
ဝတ်ပေးပါတယ်။ သူ့ကောင်မလေးက
လက်စွပ်လေးတွေကို ချစ်တတ်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့
သူမရဲ့လက်ချောင်းလေးတွေမှာ လက်စွပ်လေး သုံးကွင်းလောက်
ဝတ်ထားလေ့ရှိလို့ပါ။ကောင်လေးက သူ့ချစ်သူလေးကို
ချစ်ရည်ရွှမ်းလဲ့နေတဲ့မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်ပြီး....."ကိုယ်ပေးတဲ
့ လက်စွပ်လေးရဲ့
အဓိပ္ပါယ်ကို သိလား..." လို့ ကောင်မလေးကို ငြင်သာစွာ
မေးလိုက်ပါတယ်။ကောင်မလေးကလည်း ချစ်စဖွယ်
မျက်စလေးချီပြီး....."သိတာပေါ့..." လို့ ခေါင်းလေးငုံ့ပြီး ရှက်စနိုးလေး
ပြန်ဖြေရှာပါတယ်။အဲဒီတော့ ကောင်လေးက သူ့ကောင်မလေးရဲ့
အဖြေကို သူ့စိတ်ထဲမှာသူ့ဘာသာသူ အဓိပ္ပါယ်ဖော်ပြီးသား ဖြစ်ပေမယ့်
"ချစ်သူစကား... ပျားသကာ
အလား... ဆိုသလိုပဲ" ကောင်မလေးရဲ့ နှုတ်ထွက်စကားလေး
ကြားချင်တာကြောင့်...."ဒါဆို ဘာအဓိပ္ပါယ်လဲ... ပြော..." လို့ မေးပြီး
ကောင်မလေးရဲ့ မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိပါတယ်။ ဒါပေမယ့်
ကောင်မလေးရဲ့အဖြေဟာ သူ့အတွေးနဲ့ ထပ်တူမကျတဲ့အပြင်
တည့်တည့်ကြီးလွဲနေတာကြောင့် ကောင်ကလေးလည်း အဲဒီနေရာမှာတင်
အသည်းတွေ တဗြန်းဗြန်း
ကွဲရှာပါတော့တယ်။ကောင်မလေးပြန်ဖြေလိုက်တဲ့ အဖြေက
သူမအတွက်တော့
တော်တော်လှတဲ့ အဖြေလေးပါ။ အဲဒါကတော့...
"မရှိဝမ်းစာ၊ ရှိတန်ဆာ"
တဲ့....p.s. စာဖတ်သူတွေလည်း ဒီစာလေးကို ဖတ်မိပြီး ကိုယ့်ကောင်မလေးတွေကို
အဲဒီ့မေးခွန်းသွားမမေးမိစေနဲ့ဦးနော်... တော်ကြာ ဟိုကောင်လေးလို အသည်းတွေ
တစ်စစီ လိုက်ကောက်နေရဦးမယ်။ ပျော်ရွှင်ကြပါစေ။
"ဘဲ"နင်းမိသူ
လူသုံးယောက်ကွယ်လွန်ပြီးနောက်ေ
ကာင်းကင်ဘုံကိုရောက်လာတယ်။
ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်
(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ကောင်း
ကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ"ဘဲ"တွေသိပ်ပေါများတယ်…
ဒါပေမယ့်…"ဘဲ"တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်
တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်"ဘဲ"
တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက
တစ်ယောက် "ဘဲ"
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်
လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး "
ကဲ…ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်
အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့"။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်
ယောက်က "ဘဲ"ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာ
တယ် ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့
မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့
အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။"ဘဲ"
မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်
ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကို
သာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်
ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။
စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်…"အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်
မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ"။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…
"ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ"
..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။
ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်
သူဖြစ်နေတော့တာကိုး။
လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။
သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်
ကြတာကလား။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ "ဘဲ"
နင်းမိသူတွေထဲက
ချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။
မိန်းမတွေသာ မရှိရင် ကမ္ဘာပေါ်မှာ...
မိန်းမတွေသာ မရှိရင် ကမ္ဘာပေါ်မှာ ငွေဆိုတာ ဘာမှ အဓိပ္ပါယ်ရှိမှာ
မဟုတ်ဘူး။
အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။
အစဉ်သဖြင့် ကြာရှည်တည်တံ့နေတာဟာ ချစ်မေတ္တာ မမည်ဘူး၊
အဲဒါ…ပလပ်စတစ်ပဲ..။
လူမိုက်တွေသာ အိမ်ထောင်ပြုကြတာ…၊
လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။
ယောကျာ်းတွေဟာ ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ အမျိုးတဲ့…၊
အဲဒါ မှားတယ်…ငါးစိမ်းရော ငါးကင်ပါ ယူမယ့် အမျိုး။
ထိုင်ပြီးပျင်းနေမယ့် အစား အိပ်ပစ်လိုက်ပါ။
ကြီးကြီးကျယ်ကျယ် စီမံဆောင်ရွက်တဲ့ နေရာမှာ ကြွက်တွေနဲ့
လူတွေဟာ နင်လားငါလားပဲ။
လူမိုက်မျက်နှာကို မကြည့်ချင်ဘူး ဆိုရင်တော့ သင့်ကြည့်မှန်ုကို
ရိုက်ခွဲပစ်လိုက်ပါတော့…။
အကောင်းဆုံး မိတ်ဆွေတွေတောင် တစ်ယောက် အသုဘ
တစ်ယောက် လိုက်ပို့နိုင်ကြလို့လား။
ကြွက်ထောင်ချောက်တွေ ပေါ်လာပေမယ့်
ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ…။
တော်လှပါတယ် ဆိုတဲ့ လူတွေက နယူးကလီးယား လက်နက်ကို
တီထွင်တယ်တဲ့ ၊ ဘယ်ကြွက်မှ ကြွက်ထောင်ချောက် ထွင်ဖို့ စိတ်မကူးဘူး။
အတုခိုးသူ...
* ပီတာလေးသည် ၄င်း၏အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း
အတုခိုးလုပ်လေ့ရှိသည်။ တစ်နေ့ အခန်းထဲ ထိုင်နေရင်း
တစ်ဖက်အခန်းမှ အစ်ကိုကြီးအသံကို ကြားရသည်။ အစ်ကိုကြီးက
၎င်း၏သူငယ်ချင်းကိုပြောပြနေခြင်းဖြစ်သည်။
"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး
တောဘက်ကိုမောင်းသွားတယ်။ တောထဲ ရောက်တော့ သူ့
ကိုနမ်းမယ် လုပ်တယ်။ "ဟင့်အင်း၊ ဟင့်အင်း" လို့ပြောပြီး
ကောင်မလေး နောက်ကိုဆုတ်သွားတယ်။ ငါ မော်တော်ဆိုင်
ကယ်ပေါ် တက်ထိုင်လိုက်ပြီး စက်ကိုနှိုးတယ်။ "ကောင်းပြီလေ၊
ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ်
လမ်းလျှောက်ပြီးပြန်ပေတော့" လို့ပြောပြီး ငါ မောင်းထွက်သွားတယ်"
နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း
နာတာရှာလေးကို တွေ့သည်။ စက်ဘီး နောက်ခုံပေါ် နာတာ
ရှာလေးကို တင်ပြီး ပီတာလေး တောထဲဘက်နင်းသည်။
ရောက်သောအခါ ပီတာလေး ကောင်းမလေးကို မေးသည်။
" နာတာရှာ၊ ငါ နင့်ကို နမ်းချင်တယ်။ ရမလား"
" နမ်းလေ"
" အမ်—-ဒီလိုဆိုရင် ရော့ စက်ဘီးကိုယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"
ထန်းလျှက်နှင့် ပဲကြီးလှော်
တစ်ခါတုန်းက ….ထန်းလျှက်နဲ့ ပဲကြီးလှော်တို့ ရည်းစားဖြစ်ကြသတဲ့…….
တစ်နေ့မှာသူတို့နှစ်ယောက်က ရေကန်ဘေးမှာ ချိန်းတွေ့ကြတယ်…
ရေကန်ထဲမှာလည်းကြာပန်းတွေနဲ့ ပြည့်နေတာပဲတယ့်
ဒါနဲ့ ပဲကြီးလှော်က…..
မောင်ရယ်….မကိုချစ်ရင်လေ
ဟိုကန်လယ်က ကြာပန်းကို ခူးပေးပါနော်
ဆိုပြီး ချွဲသတဲ့…..
ဒါနဲ့ ထန်းလျှက်လည်း…..
အေးပါကွာ ငါမင်းကို ချစ်လွန်းလို့ ခူးပေးပါမယ်
ဆိုပြီး ရေထဲဆင်းသွားပါလေရော…..
ကန်လယ်ကိုရောက်လို့ ကြာပန်းခူးဖို့ လက်လှမ်းကာရှိသေး
ပလုတ်ဆိုပြီး အရည်ပျော်သွားပါလေရော
ပဲကြီးလှော်ကလည်း ဒါကိုမြင်ပြီး အားရပါးရ ရယ်ပါလေရော…
သူကလည်း ရယ်ရင်းရယ်ရင်းနဲ့ အရယ်လွန်ပြီး နှစ်ခြမ်းပြဲရော……..
မြီးဆွဲတုတ်ထိုး...
တစ်ခါတုန်းက ရွာတစ်ရွာမှာ ဒေဝေါဆိုတာကို ဘာမှန်းမသိဘဲ
အရမ်းကြောက်ကြသတဲ့ …
ညနေဆိုရင် ရွာကြီးတစ်ခုလုံး တိတ်ဆိတ်ပြီး ညိမ်သက်နေတာဘဲတဲ့…….
ဒါနဲ့ တစ်နေ့မှာ နွားသူခိုးတစ်ယောက် ရောက်လာဘာလေရော…
ဒီသူခိုးကလည်း ခပ်ကြောက်ကြောက်ရယ်….သူကသွားခိုးမယ့်
ညက ဒီလိုစဉ်းစားသတဲ့..
အင်း…..ဒီရွာက ဒေဝေါရှိတယ်တဲ့
ငါကလည်း သွားမှဖြစ်မှာဆိုတော့…
ဘာဘဲနေနေ သွားမယ်ကွာ..
ဆိုပြီး သွားသတဲ့….
ဒီလိုအကြံတူတစ်ယောက်ရှိတယ် ဒါပေမယ့် သူက ကျားလေ..
ကျားကလည်းဒေဝေါ ဆိုတာဘာမှန်းမသိဘူး တဲ့ သူကလည်း
ဒေဝေါကိုကြောက်တာဘဲတဲ့
ဒါနဲ့သူတိုနှစ်ယောက်တစ်အိမ်ထဲမှာ ဆုံမိကြတယ်..
ဒါနဲ့ သူခိုးက ကျားကို နွားထင်ပြီးတက်အခွ
ကျားကလည်းဒေ၀ါဆိုပြီး အော်ပြေးတော့တာဘဲ….
အမယ်လေး ဒေဝေါဗျို့ ဒေဝေါ ဒေဝေါ
ကျွန်တော်ကျောပေါ်ကို တတ်စီးတယ်ဗျ
ဒါနဲ့သူခိုးလည်း ကျားမှန်းသိသွားပြီး ကြောက်ကြာက်လန့်လန့်နဲ့
တောစပ်ကသစ်ပင်ကိုလှမ်းဆွဲပြီး သစ်ခေါင်းထဲ ၀င်ပုန်းနေခဲ့တယ်
ကျားကလည်းပြေးနေတုန်ဘဲ……ဒါကိုမျောက်ကမြင်သွားပြီး ကျား
ကိုမေးသတဲ့
မျောက်……….အိုအဆွေကျား ဘာလို့မောကြီးပန်းကြီး ပြေးနေရတာလဲ
ကျား………….မပြော ပြောချင်ပါဘူး အဆွေရာ ကျုပ်ကျောပေါ်ကို
ဒေဝေါတတ်စီးလိုဗျ
မျောက်……….ဟာဟုတ်လား ဘယ်မှာလည်းဒေဝေါ
ကျား…………ဟိုတောစပ်က သစ်ပင်ပေါ်မှာပေါ့
ဒါဆိုကျုပ်သွားကြည့်လိုက် ဦးမယ်ဆိုပြီးသွာကြည့်ပါလေရော…
ဟိုရောက်တော့ ဘာမှမတွေ့ဘူးဆိုပြီး သစ်ခေါင်းထဲ စမ်းကြည့်ပါ
လေရော
ပထမတော့ လက်နဲ့စမ်းကြည်တယ်..သူခိုးကလည်းဘာမှန်းမသိ
ဘူးဆိုပြီး နောက်ကိုဆုတ်နေသတဲ့
မျောက်လည်း လက်နဲ့မမှီတော့ ခြေထောက်နဲ့စမ်းပါလေရော
မရတော့ အမြီးနဲစမ်းပါလေရော …..
ဒါနဲ့သူခိုးကလည်းထွက်ပြေးချင်နေတာနဲ့ စိတ်ပေါက်ပေါက်ရှိလှပြိဆိုပြီး
အမြီးကို ဆွဲပြီးသူ့မှာပါလာတဲ့တုတ်နဲ့ ဖင်ဆောင့်ထိုးလိုက်ရော…
ဒါနဲ့မျောက်လည်းအော်ပြေးပါလေရော…..
အမယ်လေး ဒေဝေါမဟုတ်ဘူးဗျ…
မြီးဆွဲတုတ်ထိုး…မြီးဆွဲတုတ်ထိုး…..
မြေးနဲ့စားမှာ...
တစ်ခါကရွာတစ်ရွာတွင်
အလွန်နုံသော
ဦးနုံဆိုသော
လူတစ်ယောက်ရှိသည်။
တစ်နေ့ သူဟာမြို့ကို
သူ့မြေးနှင့်အတူဈေးဝယ်လာရင်း
ဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲကြော်
ဝင်စားကြသည်။
ဆိုင်ထဲရောက်သောအခါ
စာပွဲထိုးက
"ဦးကြီးက တူနဲ့စားမှာလား?"
ထိုအခါ-ဦးနုံကမကျေမနပ်နှင့်
ပြောလိုက်ပုံက—
"ငါက တူနဲ့ မစားဘူး
မြေးနဲ့စားမှာကွ"
တော်လိုက်တာ….
စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ 
တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်း
ပါတယ်။ ဆရာဝန်ကတော့
လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထ
ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။
ဆရာဝန်က အရုးခေါင်းဆောင်ကို
ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ ဆရာ"
"ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး
ဆိုတာမသိဘူးလား..သွားစမ်း"
"ဟုတ်ကဲပါဆရာ"
အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ
တော့ဘာသံမှ မကြားရတော့။ ဆရာဝန်သည်သ
ဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်
ကိုလှမ်းခေါ်လိုက်သည်။
"မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ"
"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..
အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်
ပေးလိုက်တာ အခု
သူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "
ရည်းစားစာ
ချစ်သူ....
အကြောင်းညီညွတ်လို. ဘောင်းဘီ ချွတ်ပြီး စာရေးလိုက်ပါတယ်
အခု ကိုယ်ပို.လိုက်တဲ. စာကလေး ကိုရရင် အမွေးနူတ်ပြီး ကြော
်စားလိုက်ပါနော်မင်းကို ကိုယ်ချစ်ချင်ပေမဲ. အုန်းခြစ်ကမရှိဘူး
မင်းနဲ. ကိုယ်ပေါင်းချင်ပေးမဲ. ကောက်ညှင်းဆန်တွေ ဈေးကြီး
တာမင်း အသိပါမင်းကို ကိုယ်နှစ်သက်ပေမဲ. မင်းက ရေငုတ်ကျွမ်းတော.
ဘာမှ မဖြစ်ဘူးပေါ.
အချစ်ရယ်....
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်း ခဲ.တဲ. အ၀တ်တွေ ခုဆ
ိုခြောက်လောက်ရောပေါ.မင်းအချစ်ကိုသာမရရင် ကိုယ်လေ
မထူးတော.တဲ. ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော
.မယ်ကွာကိုယ်ဒီ လို အရဲစွန်.ပြီး စာရေး တာကို စိတ်မဆိုးပါနဲ.နော်
ငပိစားပြီး အသိတရား မရှိဘူးလို. တော. မပြောလိုက်ပါနဲ.ကွာ
ဂေါ်ဖီ တွေစားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး
ရုပ်တည်နဲ. မုန်.တီထိုင်သောက်နေတယ် လဲ မထင်လိုက်ပါနဲ.
အရှက်မရှိ သရက်စေ.လဲ မဟုတ်ဘူးနော်ကိုယ်ဟာ
ရုပ်ကလာပ် က စုတ်ပြတ်
ရူပါက ချူချာ
သောက်ရုပ်က မျောက်ကုတ်
ပုံစံက ဒုံးပျံ နေပေမဲ.
အသည်းနှလုံးကတော. သိတ်ချစ်တတ်ပါတယ်
ကိုယ်ရဲ.စာ ကို မင်းမိဘ တွေ တွေ.လို. တော်တော်ဆူနေလား ?
ဆူရင် မီးဖို ပေါ်ကချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်
မင်း ဆီ က ပြန်လာမဲ. စာကလေးတွေကို
ကိုယ် လေသေနတ်နဲ. အသင်.ဆောင်.နေမယ် အဲ.လေ မှားလို.
အသင်.စောင်. နေမယ်။ချစ်တဲ. တိုတို
ဇာတ်လိုက်ကြီး အာဘန်း
တစ်ခါက..အပြေးပြိုင်ပွဲတစ်ခုကို...စပ်စုသော..အားဘန်း
တစ်ယေက်သွားကြည့်လေသည်ထို့နောက်အာဘန်းသည်..
သူ၏ဘေးမှလူအားမေးလိုက်သည်..
အာဘန်း ~"ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း
" ဘေးကလူ ~"ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက
အဲဒီဆုဖလားကို ရမှာပေါ့" အာဘန်း ~
"နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ
တခြားလူတွေက ဘာလို့များပြေးနေကြတာလည်းသိဝူး"
သာအေးတို့လင်မယား
တစ်ခါကရွာတစ်ရွာတွင်..အလွန်မျက်နှာပြောင်သော..သာအေး
တို့လင်မယားနေထိုင်လေသည်..တစ်နေ့တွင်..သာအေး...က
သူ့မိန်းမအား က်ျသို့နောက်ပြောင်လိုက်သည်..
သာအေး ~ "ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား
မိန်းမ" သာအေးရဲ့ဇနီး ~"မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ
သွားနေတော့မှာပေါ့။ ဒါနဲ့ ကျွန်မသေရင်ရော
ရှင်နောက် အိမ်ထောင်ပြုမှာလား" သာအေး ~
"ငါလည်း မပြုပါဘူးကွာ။ ငါလည်း
မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့"
နေ၀န်းတို့ဘောလုံးပွဲကြိုက်ပုံ
တစ်ခါက ဘောလုံးပွဲဝါသနာပါသော ကိုနေ၀န်းနေထိုင်သော
နေအိမ်သို့ ..ဆရာဝန်တစ်ဦးအလည်လာသည်..ကိုနေ၀န်းက
လည်း..ဆရာဝန်လာတုန်း..သူခံစားနေရသောရောဂါကိုဆရာ
ဝန်အားပြောပြလေသည် နေ၀န်း ~ "ဆရာရယ် ကျွန်တော်လေ
ညတိုင်း ဘောလုံးကစားနေတယ်လို့
အိပ်မက်မက်နေတယ်ဆရာ..ကျွန်တော်အိပ်ရေးမ၀ဘူးဆရာ
" ဆရာဝန် ~ "ဒီဆေးလေးသာသောက်လိုက်ပါ။ ခင်ဗျား
ခံစားနေရတဲ့ရောဂါဝေဒနာတွေ..အဆင်ပြေသွားလိမ့်မယ်
" နေ၀န်း ~ "မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက
ဖိုင်နယ်ပွဲမို့ပါ"
ရယ်စရာလေးများ
အာဘန်းတစ်ယောက် မိုဘိုင်းဖုန်း အသစ်တစ်လုံးဝယ်လိုက်ပါတယ်။
ပြီးတော့သူ့ရဲ့ဖုန်းထဲမှာမှတ်ထားတဲ့ သူတွေအားလုံးဆီကို Message
ပို့လိုက်ပါတယ်။
"ကျွန်တော့် ဖုန်းနံပါတ်ပြောင်းသွားပါပြီ။ အရင်က Nokia 3310 ပါ။
အခုတော့6610 ဖြစ်သွားပါပြီ။"
၂၀၀၉ ခုနှစ် ၁၀ တန်း မြန်မာစာ မေးခွန်းလွှာ
၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။
အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊
နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။
(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို
အသုံးပြုပါ။
နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။
(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။
အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။
၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို
ဆရာမလစ်မှခိုးချပါ။
အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊
မနည်းဘူးဟ၊ မခံနိုင်ဘူး။
(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော
စာရွက်အချို့မှခိုးချပါ။
ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊
အိမ်ကိုပြန်ခဲ့တော့။
(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာ
များတွင်မည်သို့သုံးထားကြောင်း နှင့်
အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှ ချုံ့လာသော
စာရွက်ဖြင့် ကူးဖြေပါ။
ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊
ဆင်နင်းမြင်းကန် (ရူပက)၊
လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊
ပိုးပြောင်ကြီးပုဆိုး ပေါက်သကဲ့သို့ (ဥပမာ)။
၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။
(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။
(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။
(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။
(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။
(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား
ပျော့ပြောင်းပုံကို ဖော်ပြပါ။
(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။
(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ"
စာသား၏အဓိပ္ပါယ်ကို ရေးပါ။
(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး
ကောင်းမြတ်၏ခံစားချက်ကိုရေးပါ။
၎။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။
"အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်" ကဗျာ၏
အဓိပ္ပါယ်ကှို စာစစ်အဖွဲ့အကြိုက်တွေ့အောင်
ဖြီးဖြန်းရေးသားပါ။
(သို့)
"ရင်ထဲမှာ ဘာညာဘာညာ" ကဗျာမှ ခံစားရသော ရသကို ရေးပါ။
(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။
(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို
ဖော်ပြပါ။
(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို
ဖော်ပြပါ။
(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။
(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို
ဖော်ပြပါ။
(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။
(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။
(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုက
ိုဖော်ပြပါ။
(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။
သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊
သူ့ကိုယ်သူ သက်မွန်မြင့်နှင့်တူပုံ၊
ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။
(သို့)
"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင်
ရေးသားပါ။
၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။
ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…
"သန်း"၊ အချိန်မတော်၊
ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။
(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။
ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။
(သို့)
"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပ
ုံတို့ကိုစိတ်ဝင်စားဖွယ်ဖြေဆိုပါ။
ရယ်စရာလေးများ
သားအမိသုံးယောက်စားကြတဲ့ လက်ဆုံထမင်းဝိုင်းလေးမှာပေါ့…
ထမင်းစားကြရင်းနဲ့ ယောင်္ကျားဖြစ်သူနဲ့ မိန်းမဖြစ်သူတို့ လက်
ဆုံကြတဲ့အခါယောင်္ကျားဖြစ်သူက "ဟ.. ဒီနေ့တော့ လက်ဆုံနေတရ်..
ဧည့်သည်လာမယ်ထင်တယ်..မိန်းမရေး"
လို့ပြောတော့ သားဖြစ်သူက " လက်ဆုံမှာပေါ့.. အမေတို့က ဟင်း
တစ်မျိုးတည်းချက်တာကို "တဲ့.
အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတယ်…
အမြဲတမ်းသူ့ကိုဦးစားပေးတယ်…သူက သားဦးကို… နောက်တော့
သူလည်းညီလေးတစ်ယောက်
ထပ်ရလာပါရော..
အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေး
ပေးတော့တယ်…တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံ
ရသွားတယ်…ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေ
အိပ်ပျော်နေတုန်းသူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တယ်…
အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင်
သေသွားရောဗျာ..
ရယ်စရာလေးများ
စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက်
မိတ်ဆုံစားပွဲတစ်ခုပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာ
အားလုံးစုထိုင်စေပြီးပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထား
ပေးလေသည်..ဆရာဝန်ကြီးက
" ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့်
ပန်းကန်အားအသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား
ကြည့်နေလေသည်။ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ
်သွားပြီဟုဆိုကာအနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
တပည့်။ ။"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့
ရမှာလဲ"နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင်
တန်းစီစေပြီးငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို
မေးလေသည်။ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.



