(၁) အီစီကလီ စိတ်ဓာက် ရှင်သန်ထက်မြက်ရေး။
(၂) Chatting ကိုအခြေခံ၍ အခြားဖွန်ကြောင်ခြင်းကဏ္ဍများကို
ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
(၃) ပြည်တွင်းပြည်ပမှ ရုပ်ရည်ရှိသော မိန်းကလေးများအား
ဖိတ်ခေါ်(Invite)လုပ်၍ ဆက် ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် တည်
ဆောက်ရေး။
(၄) ဖြစ်ပေါ်လာသည့် ဆက်ဆံရေးနှင့်အညီ ခေတ်မှီ၍ ရင်ခုန်ဖွယ်
ကောင်းသော ဇာတ်လမ်း များ ဆက်လက်ဖန်တီးရေး။
မှတ်ချက်= မောင်နေ၀န်း ၊ ကိုထက် ၊ပိုင်မျိုးလေး ၊ငလတ်တို့ ၏
ကြွေးကြော်သံများကိုနားထောင်ပြီးရေးထားတာဖြစ်ပါသည်။
source>>> ကိုမြတ်မှ
Monday, February 2, 2009
Chatting ထိုင်ရေးဦးတည်ချက်လေးရပ်
အပြစ်ရှာဝါဒနှင့်မျက်နှာကျက်မဲ့ကောင်းကင်...
အစမှာပေါ့.........
အလင်းမဲ့ ပန်းချီကားချပ်ကို
ခပ်မှိန်မှိန် စုတ်ချက်တို့ 
အဆုံးမှာတော့.......
ခေတ်စနစ်ရဲ့  အာဏာဂုဏ်ကြား
မျောပါခဲ့ အနှိမ်ခံဘ၀နဲ့ မျက်ရည်စတို့ ...
တစ်ဒုန်းဒုန်းနဲ့ ထုရိုက်ခံလို့ .....
အနိစ္စ...........
ဒုက္ခ.............
အနတ္တ..........
(ပြီးတော့)......
ကဗျာ....ဂီတ(အနုပညာ)
ဝါဒ....ဘ၀(မျှော်လင့် ချက်မဲ့ )
အိမ်မက်မက်ခြင်း..................။
စူးရှလင်းလက်
ခံနေလို့ဖြစ်မလား...
ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။
အထင်နဲ့အမြင်...
ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့
အချွန်နဲ့ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံက
ကျွန်တော့်အိတ်ကပ်ထဲမှာဗျ..
သူ့လက်ရာ..
ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်
ဒီနေ့ပို့မယ့်နေရာ...
လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာ
လမ်းလျှောက်လာကိုရဲသားကမြင်တော့
'''ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…'''
''ဟုတ်ကဲ့''
နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့
ပြန်ရော…ဒီတော့ရဲသားက
'''ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က ပြောတယ်လေ..
အဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့ဖို့'''
''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ်စိတ်ကူးမိလို့…''
ပလုံ..
ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''
