ဒီနည်းလေးကတော့မိမိကွန်ပျူတာကိုsoftwareမသုံးဘဲနဲ့မြန်ဆန်အောင်
လုပ်တဲ့နည်းလေးပါခင်ဗျာ.ကဲဒါဆိုတော့ဟုတ်ပါပြီ..ဘယ်လိုမြန်ဆန်အောင်
ုလုပ်ကြမလဲ.စမ်းကြည့်ရအောင်ဗျာ...
(၁)ပထမဦးစွာ Start-->Run ကိုသွားပါ Run Box ထဲတွင်
prefetch ဆိုပြီးရိုက်ထည့်လိုက်ပါခင်ဗျာ..ပြီးရင် Enter
ခေါက်လိုက်ပါ..ဒီလိုဆိုရင် ဖော်ပြပါခေါင်းစဉ်နဲ့အောက်တွင်
ပေါ်လာတာအားလုံးကို Ctrl+Aကိုတွဲနှိပ်ပြီးSelect All
လုပ်လိုက်ပါ..ပြီးရင်Shift+Delete ကိုတွဲနှိပ်ပြီး.ဖျက်ထုတ်လိုက်ပါ..
(၂)ဒုတိယနည်းကတော့Start-->Run ကိုထပ်သွားပါ..Run Box
မှာ sysdm.cplကိုရိုက်ထည့်ပြီးEnter ခေါက်လိုက်ပါခင်ဗျာ.
ထိုနောက် System Properties ပေါ်လာပါမယ်..
Advanced tabကိုကလစ်ပေးလိုက်ပါPerformance-->Settings
ကိုကလစ်လိုက်ပါ.ပြီးရင်Adjust for best performance ကို
အမှတ်ပေးပြီးApply လုပ်လိုက်ပါ.ထို့နောက်Taskbarဖြူသွားတာကို
တွေ့ရမှာပါ..Taskbar ကိုမူလအတိုင်းပြန်ဖြစ်စေချင်ရင်.Useနာမည်
နှင့်စသောစာတန်းလေးခုကို..အမှတ်ပေးပြီးApplyထပ်လုပ်လိုက်ပါ..
ဒါဆိုရင်တော့မူလအတိုင်းပြန်ရောက်သွားပါပြီ..
(၃)ဒီတစ်နည်းကတော့Start-->Runကိုသွားပါ.Run Boxတွင်Regedit
ဆိုပြီးရိုက်ထည့်ပါ.ပြီးရင်Enterခေါက်လိုက်ပါ.HKEY-CURRENT-USER
ကိုသွားပါ.ပြီးရင်Expandလုပ်ပါDouble clickနှိပ်လိုက်လည်းရပါတယ်
DesktopကိုExpandထပ်လုပ်ထိုနောက်ManuShowDelayဆိုသောစာတန်း
ကိုရှာပါ.Right Click နှိပ်ပြီးModifyလုပ်ပါ.ပြီးရင် Value dataကို 0
ဆိုပြီးပြောင်းထည့်လိုက်ပါ..ပြီးရင်Registry Editor မှထွက်လို့ရပါပြီ.
(၄)နောက်တစ်နည်းကတော့.Start-->Run ကိုသွားပါ.Run Boxထဲတွင်
msconfig ဆိုပြီးရိုက်ထည့်ပြီးEnterခေါက်လိုက်ပါ.
System Configuration Utilityဆိုပြီးပေါ်လာပါမည်..
ပေါ်လာရင်Startupကိုကလစ်နှိပ်လိုက်ပါ.ပြီးရင်Disable All
ကိုကလစ်လိုက်ပါပြီးရင်.Apply-->okနှိပ်ပြီးRestartလုပ်ပါ.
(၅)နောက်ဆုံးနည်းလေးကတော့.Start-->Runကိုသွားပါ.system.ini
ဆိုပြီးရိုက်ထည့်ပါ.ပြီးရင်Enterခေါက်ပါ.ဒါဆိုရင်system notepad
ပေါ်လာပါမယ်.အောက်ကစာကြောင်းလေးတွေကိုထည့်ပြီး saveလုပ်လိုက်ပါ
page buffer=100000kbps load=100000kbps
download=100000kbps save=100000kbps
back=100000kbps
ကဲလုပ်ကြည့်လိုက်နော်မိတ်ဆွေရဲ့ကွန်ပျူတာသိသိသာကြီးမြန်သွားပါမယ်..
အားလုံးကိုကျေးဇူးတင်ပါသည်..ဖိုးတာတေ
Thursday, February 19, 2009
FIVE WAYS OF SPEED UP YOUR PC
Wednesday, February 18, 2009
Software မသုံးဘဲ ဖိုင်ကိုဝှက်ထားနည်းလေးပါ...
မိမိနှစ်သက်ရာHard Drive တစ်လုံးထဲမှာ folder တစ်ခုလုပ်လိုက်ပါ..၄င်းfolder
လေးကိုနာမည်တစ်ခုခုပေးလိုက်ပါ..ဥပမာ..folder name က 111 ဆိုပါတော့ ..
တည်နေရာက Drive (C)မှာဆိုပါတော့ဗျာ..လုပ်ပြီးပြီဆိုရင် အောက်ပါနည်းအတိုင်း..
လုပ်ပါ..Start-->Run --> ကိုသွားပါ..Run ဘောက်ပေါ်လာရင်
အထဲတွင်..Attrib +s +h C:\111လို့ရိုက်ထည့်ပါခင်ဗျာ..ပြီးရင် Enter..
ခေါက်လိုက်ပါ..ဒါဆိုရင်စောစောကမိတ်ဆွေလုပ်ထားတဲ့..111 folder လေးကို
သွားရှာကြည့်ပါ..မတွေ့တော့ပါဘူးခင်ဗျာ..ပြန်ဖေါ်ချင်ရင်တော့..
Start-->Run -->ထဲမှာပဲ Attrib -s -h C:\111 ဆိုပြီးပြန်ရိုက်လိုက်ပါ
စောစာကအတိုင်းပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ..ဒီနည်းအတိုင်းကိုယ့်ရဲ့ဖိုင်များကို
အလွယ်တကူဖျောက်ထားနိုင်ပါတယ်ခင်ဗျာ..
သူငယ်ချင်းရဲ့ ပြည်ကြီးရခိုင်ဘလော့မှပို့စ်လေးကိုတဆင့်ဘာသာပြန်တင်ပြလိုက်
ပါတယ်..ဖိုးတာတေ
Tuesday, February 10, 2009
Recycle Bin ကိုဘယ်လို နာမည်ပြောင်းမလဲ....
ဒီတစ်ခါတော့..မိမိကွန်ပျူတာမှ Recycle Bin ခေါ်အမှိုက်ပုံးလေးကိုနာမည်
ပြောင်းနည်းလေးပါမိမိကွန်ပျူတာ၏ Desktop Screen ပေါ်မှာရှိတဲ့ Icon
လေးတွေကို နည်ပြောင်းလို့ရပါတယ်..ဒါပေမယ့် ဒီ Recycle Bin လေးက
ို Windows XP Service Pack 1 နှင့် Service Pack 2
အများစုမှာ အမည်တန်းပြောင်းလို့မရပါဘူးခင်ဗျာ..ဒါပမယ့်တစ်ချို့
Service Pack 2 တွေမှာတော့
တစ်ခါတည်းတန်းပြောင်းလို့ရပါတယ်ခင်ဗျာ..ကျွန်တော်လည်းအဲဒီလို
ပြောင်းလို့ရအောင်အင်မတန်မှသိ
ချင်ခဲ့ပါတယ်ခင်ဗျာ...တစ်နေ့ကျွန်တော်အင်တာနက်ကြည့်နေရင်း..
မီတာကဖေးဝပ်ဆိုဒ်ထဲကိုဝင်ကြည့်ဖြစ်ပါတယ်ခင်ဗျာ.
မိတ်ဆွေသူငယ်ချင်းတို့လည်းဝင်ကြည့်လို့ရပါတယ်
ကံကောင်းချင်တော့ကျွန်တော်သိချင်တာလေးတွေ..တော်တော်ကို
ရခဲ့တယ်..အဲဒါကြောင့်ကျွန်တော်လိုသိချင်သောသူငယ်ချင်းများကို
ရှာမနေရအောင်မျှဝေပေးလိုက်တာပါ..ကျွန်တော်ကွန်ပျူတာ
အကြောင်းကိုအရမ်းရေးချင်ခဲ့ပါတယ်..ဒါပေမယ့်ကျွန်တော်လည်း
ကွန်ပျူတာအကြောင်းနဲ့ပတ်သက်လို့ကျယ်ကျယ်ပြန့်
ပြန့်မသိသေးပါ..ကျွန်တော်လည်းလေ့လာနေတုန်းပါခင်ဗျာ..
ကျွန်တော့်ဒီဆိုဒ်ကလေးကိုလည်းရီစရာလေးတွေနဲ့ပဲမွန်းမံမယ်လို့
စိတ်ကူးရှိခဲ့ပါတယ်..ဒါပေမယ့်ကျွန်တော့်ရဲ့ လက်ဦးဆရာကိုမြတ်ကို
ကျွေးမွေးပြုစုပညာသင်ပေးလာတဲ့ဆရာပါ..သူကကျွန်တော့်ကို .
.ပြောပါတယ် "မင်းအားနေရင်တဲ့ရီစရာတွေချည်းပဲရေးနေတဲ့..
နည်းပညာအကြောင်းလေးပါလေးရေးဦးတဲ့.."
ရီစရာတွေးနေတယ်ဆိုတော့လည်း သူငယ်ချင်းများက ထင်ကြဦးမှာပါ..
ကျွန်တော်တင်ထားတဲ့ဟာသပို့စ်များကိုကျွန်တော်ရေးထားတယ်လို့
ထင်ကြမှာပါ..ဟာသပို့စ်များမှာကျွန်တော်ကိုယ်တိုင်ရေးထားသော
ပို့စ်တစ်ခုမှမရှိပါဘူး..ဒီလိုဆိုရင်ကြွားရာကျမလားသိဘူး..ဟီး
တကယ်ပြောတာပါ..သူငယ်ချင်းများမှပို့ပေးသည်များကို
ပြန်လည်တင်ပြထားခြင်းသာဖြစ်ပါတသည်
ကျွန်တော်ကစာတစ်ကြောင်းတောင်လူအများစိတ်ဝင်စားအောင်.
.ဖြောင့်ဖြောင့်မရေးတတ်ပါဘူး..ဟာသဆိုတော့ဝေလာဝေးပေါ့..
.ဒီပြသနာကလည်းတော်တော်ဆိုးပါတယ်..တလောကကျွန်တော်ကို
မိတ်ဆွေတစ်ယောက်တင်ပြဘူးပါတယ်..သူများပို့စ်တွေကိုတင်ပြရင်
ပေါ့လေမူရင်းပိုင်ရှင်အမည်ကိုတင်ပြသင့်တာပေါ့တဲ့ဟုတ်ပါတယ်..
ကျွန်တော်လည်းဒီလိုပဲလုပ်ပါတယ်..ဒါပေမယ့်ကျွန်တော်တင်ထား
တဲ့ပို့စ်များကို ဘယ်သူဘယ်ဝါရေးထားတယ်ဆိုတာကိုကျွန်တော်မသိပါဘူး..
ကျွန်တော်လည်းကျွန်တော့ဆရာကိုမြတ်ကိုပေးထားသော
ကွန်ပျူတာပြင်ဆင်ခြင်းပညာနဲ့သာတစ်နေ့ထက်တစ်နေ့အချိန်ကုန်သွားတာမို့
စာဖတ်တာကိုဝါသနာပါသော်လည်းစာဖတ်ချိန်မရခဲ့ပါဘူး.
ဒါကြောင့်ဒီလိုဖြစ်သွားရတယ်ထင်ပါတယ်..ဒါပေမယ့်ကျွန်တော့်ကိုပို့
ပေးသောသူငယ်ချင်းများကိုတော့သူတို့ပို့ပေးသောပို့စ
်များကိုတင်ဖို့ခွင့်ယူပြီးသားပါ.ခင်ဗျာ..အင်းကျွန်တော်လည်းရေးဘို့
ကနည်းပညာအကြောင်းလေးပါ..ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ
ပြောနေတာနဲ့တော်တော်ရှည်သွားပြီနော်..တောင်းပန်ပါတယ်..
ပြောတော့စာရေးတာဝါသနာမပါလို့ပဲံဟီး
ကဲဒါဆိုကျွန်တော်ပြောတဲ့ Recycle Bin လေးကိုနာမည်
ပြောင်းလိုက်ကြအောင်နော်..ပထမဦးစွာ..Start-->Run ကိုသွားပါ
Run box ထဲတွင် regedit ဆိုပြီးရိုက်ထည့်ပါခင်ဗျာ
ပြီးရင် Enter ခေါက်လိုက်ပါခင်ဗျာ..ဒါဆိုရင် မိမိကွန်ပျူတာတွင်
Registries များကိုပြောင်းတဲ့Registry Bar.ပေါ်လာပါမည်.
.နောက်ပြီး..HKEY-CLASSES-ROOT ပေါ်တွင် Double Click
ကလစ်နှစ်ချက်နှိပ်လိုက်ပါခင်ဗျာ..သူအောက်တွင်.CLSID
ဆိုသောစာတန်းလေးကိုရှာလိုက်ပါသူ့ကိုလည်းDouble Click
ထပ်နှိပ်လိုက်ပါ..သူအောက်တွင်
{645FF040-5081-101B-9F08-00AA002F954E}
ဆိုပြီးရှာရှိပါတယ်အဲဒါကိုရှာလိုက်ပါ
သူ့ကိုတွေ့ရင် Double Click နှိပ်လိုက်ပါ Expand လုပ်လိုက်ပါ
.သူအောက်တွင်
Shellfolder ဆိုတာကို ကလစ်တစ်ချက်နှိပ်လိုက်ပါ ညာဘက်တွင်
Attributes ဆိုတာကို Right Click နှိပ်ပြီးmodify
လုပ်လိုက်ပါ.အောက်တွင်Edit Binary Value
ဆိုပြီးဘောက်စ်လေးတစ်ခုပေါ်လာပါမည်.Value Data
အောက်တွင်တန်းဘိုးပြောင်းပေးရုံပါ
မူရင်းတန်ဘိုးက.."0000 40 01 00 20 "
ဖြစ်ပါတယ် "0000 50 01 00 50 "
ကိုအစားထိုးပြောင်းပေးပါ..ပြီးရင်Regidit မှထွက်လို့ရပါပြီခင်ဗျာ..
အကျဉ်းချုပ်ကိုပြောရရင်တော့ .အောက်ပါအတိုင်းဖြစ်ပါတယ်..
Start-->Run-->regedit-->Enter
HKEY-CLASSES-ROOT-->CLSID-->
{645FF040-5081-101B-9F08-00AA002F954E}
-->Shellfolder-->Attributes-->modify-->value data-->
"0000 50 01 00 50" ဖြစ်ပါသည်ခင်ဗျာ..
မိတ်ဆွေသူငယ်ချင်းအပေါင်းပျော်ရွှင်နိုင်ပါစေ..
ဖိုးတာတေ..
Command Prompt မှ Time & Date လေးပြောင်းကြည့်ရအောင်နော်..
ဒီနည်းလေးကတော့..Command Prompt မှ အချိန်နဲ့နေ့စွဲပြောင်းနည်းလေးပါ
ပထမဦးစွာ Start -->Run -->တွင် cmd ဆိုပြီးရိုင်ထည့်ပါ..
ပြီးရင် Enter ခေါက်ပါ..Command Prompt လေးသင့်ရဲ့ရှေ့မှာပေါ်လာပါမယ်..
C:\Documents and Settings\Administratorဆိုပြီး..သူ့နောက်မှာ
Cursor လေးမှိတ်တုတ်မှတ်တုတ်ဖြစ်နေပါမည်...အဲဒီနေရာမှာ cd c:\လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါ..အောက်ကပုံစံမျိုးလေးပေါ်လာပါမယ်...
C:\> ဆက်ပြီး time လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ..အောက်တွင်
The current time is:"သင့်ရဲ့မှားနေတဲ့အချိန်"
Enter the new time :"နေရာတွင်ယခုရောက်နေသောအချိန်ကိုထည့်ပေးရမှာ
ဖြစ်ပါတယ်..ဥပမာ..ညနေနှစ်နာရီခွဲဆိုပါစို့-->2:30 pm ဆိုပြီးရိုက်ထည့်..
ပြီးရင် Enter ခေါက်ဒါဆိုရင်သင့်ရဲ့ Taskbar ပေါ်တွင်သင်စောစောကတိုက်ထားသော
အချိန်ရောက်ရှိလို့နေပါပြီခင်ဗျာ..နေ့စွဲကိုလည်းထိုနည်းလည်းကောင်းပဲပြောင်းနိုင်ပါသည်
အချိန်မှာတုန်းကအတိုင်းပထမဦးစွာလုပ်ဆောင်ပါ..ပြီးရင် "Time"နေရာတွင် "Date"
လို့ပြောင်းရိုက်ပါ..အောက်တွင်
The current date is :"သင့်ရဲ့မှားနေသောနေ့စွဲ"
Enter the new date :"သင်ယခုရောက်ရှိနေသောနေ့စွဲ"ကိုထည့်ရမှာဖြစ်ပါတယ်
ပြီးလျှင် .Enter ခေါက်လိုက်ပါ..ဒါဆိုရင်သင့်ရဲ့နေ့စွဲမှန်ကန်စွာရောက်ရှိသွားပါပြီ..
အားလုံးပြီးသွားပြီဆိုရင်..exit -->Enter ဖြင့်Command Prompt မှပြန်ထွက်နိုင်ပါသည်
သိပြီးသားသူများအတွက်တော့မထူးဆန်းပါ..မသိသေးသူများအတွက်တော့အသုံးဝင်မယ်လို့ထင်ပါ
သည်ခင်ဗျာ..အားလုံးကိုကျေးဇူးတင်ပါသည်..
ဖိုးတာတေ..
Monday, February 9, 2009
၂၀၀၈ ဒီဇင်ဘာလထုတ်ကွန်ပျူတာဂျာနယ်
အချိန်နှင့်တစ်ပြေးညီတိုးတက်နေသောကွန်ပျူတာခေတ်မှာ..
နည်းပညာအကြောင်းကို...နောက်ကျမကျန်ခဲ့စေရန်အလို့ငှာ..အင်မတန်မှ
အရေးကြီးလှပါတယ်..ထို့ကြောင့်နည်းပညာသစ်များ..ဆော့ဖ်ဝဲသစ်များ..
ကိုတိုက်ရီုက်လမ်းညွှန်မှုပေးတဲ့ကွန်ပျူတာဂျာနယ် (၂၀၀၈ ၊ ဒီဇင်ဘာလထုတ်ကို)
မျှဝေပေးလိုက်ရပါသည်..အောက်တွက်ဒေါင်းလုပ်ရယူပါခင်ဗျာ..
Wednesday, February 4, 2009
Valentine Love kiss
သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး
နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို
အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင်
အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံဆက်စပ်နေတယ်ဆိုတာကို
ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊
ယဉ်ကျေးမှုဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို
ဖွင့်ဆိုတာ
ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို
ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့
Definitionလေး တစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး
ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ်
ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း
ထိတွေ့ပူးကပ်ပြီးဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။
နောက်ပြီးတော့တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို
အလိုလိုရရှိနိုင်တယ်တဲ့။
အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့
သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။
ဒါ့ကြောင့်သွေးကြောတွေထဲမှာပိတ်ဆို့နေတဲ့အဆီတွေကိုချေဖျက်ပစ်ပြီး
သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့
ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က
လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ
ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး
ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့
ဆံချည်မျှင်သွေးလွှတ်ကြောတွေရဲ့သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။
(၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့
အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင်
ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့
ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း
ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က
ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့
သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး
သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။
ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ
သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ
မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ
သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ
တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး
ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ
ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။
ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက
နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင်
စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင်
ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့
ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။
အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ
တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့
ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။
အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။
နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
Monday, February 2, 2009
နှုတ်ခွန်းဆက်သခြင်း...
ကျွန်တော်ရဲ့ဆိုဒ်ကလေးကို.လာလည်ကြသော...ညီအစ်ကိုမောင်နှမများကို..ဦးစွာပထမ
မင်္ဂလာပါလို့..နှုတ်ခွန်းဆက်သပါရစေ..ကျွန်တော်ရဲ့
ဆိုဒ်ကလေးကို အတတ်နိုင်ဆုံး လာရောက်
သူများမငြီးငွေ့ရအောင်..မပြင်းရအောင်
ကြိုးစားပြီးပျော်ရွှင်စရာ။ ကြည်နူးစရာကောင်းသောပို့စ်
များကိုရွေးချယ်ပြီးတင်ပေးပါမယ်...
အခုလိုကြံ့ကြာနေတာကလည်း..ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်
တာအခက်အခဲလေးများကြောင့်ပါ..
လာရောက်လည်ပတ်သူများအားလုံး..ကိုယ်စိတ်
နှလုံးရွှင်လန်းကြပါစေ..
