Virus ဆိုတာနာမည်ကြားရုံမျှနှင့်ပင်..ရွံမုန်းနေကြမည်ဆိုတာ..လူတိုင်းဝန်ခံကြမှာပါ..
ဒီိလိုဒုက္ခပေးတတ်တဲ့ virus ကိုမိမိစက်ထဲကိုအလွယ်တကူမဝင်နိုင်အောင်အလွယ်တကူ
ပိတ်လို့ရပါတယ်..virus တွေဟာများသောအားဖြင့် External Drives များဖြစ်ကြတဲ့
CD Rom , Memory Stick , External Hard Disk , MP3/4 Players , Hand Phone အစရှိတဲ့
External Drives များကနေဝင်လာတာများပါတယ်..virus ရှိသော External Device တစ်ခုခု
ကွန်ပျူတာထဲကိုတပ်လိုက်ပြီဆိုတာနဲ့ များသောအားဖြင့်မိမိစက်ထဲကိုဝင်တာများပါတယ်..
မိမိကွန်ပျူတာမှာ Anti-virus ကလည်းမရှိဘူး USB Disk security လို့ခေါ်တဲ့ USB ကနေထိုးတဲ့
Devices တွေကို virus စစ်ပေးတဲ့ software မှရှိဘူး CPE17 လို Autorun virus သတ်ပေးတဲ့
software မှရှိခဲ့ရင်အဲဒီကွန်ပျူတာကို virus ရှိသော Thumbdrive လို့ခေါ်တဲ့ Memory Stick
လေးပဲထိုးကြည့်ပါ..90 % ကတော့ virus ဝင်မှာသေချာပါတယ်..အဲဒါဘာကြောင့်လည်းဆိုတော့.
virus ကိုစတင်ဖန်တီးတဲ့ programmer တွေက အလိုအလျောက်အလုပ်လုပ်မောင်းနှင်တဲ့.
autorun system ကိုထည့်သွင်းရေးထားကြလို့ပါပဲ..များသောအားဖြင့်တော့အထက်ပါဖော်ပြသော
ဆော့ဖ်ဝဲလေးနှစ်ခုနဲ့..anti-virus ကောင်းကောင်းလေးတစ်ခုဆိုရင်တော့ပြည့်စုံလုံလောက်နေပါပြီ
ဒါပေမယ့်တစ်ချို့virus တွေက CPE 17 လိုမျိုး autorun killer ကိုတောင်မမှုတဲ့ virus တွေအများကြီးပါ..
ဒီလို virus တွေက မိမိ PC မှာ Install လုပ်ထားတဲ့ Guard Applications တွေကို အရင်ဆုံး Killed လုပ်ပြီးမှ
ဝင်တာပါ..အဲဒါကြောင့် CPE 17 တစ်ခုထဲနဲ့လည်းစိတ်မချရသေးပါဘူး..အဲဒါဘာကြောင့်လည်းဆိုတော့
autorun ကြောင့်ပါ..ဒီ autorun ကိုဘယ်လိုကာကွယ်မလဲ..ကျွနုပ်တို့ သုံးနေတဲ့ OS ရဲ့ autorun system
ကိုသွားပိတ်ပစ်ရပါမယ်..ဒါဆိုရင်အနည်းဆုံးတော့ USB ထိုးတာနဲ့ virus မဝင်နိုင်တော့ဘူးပေါ့..
လုပ်နည်းလေးကလွယ်ပါတယ်..
Start-->run -->ကိုသွားပါ..run ဘောက်စ်ကျလာရင် gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ.
ပြီးရင် Computer Configuration အောက်က Administrative Templates -->system ကိုသွားပါ.
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါ..စိတ်ချရအောင်နောက်တစ်ခုထပ်လုပ်ပါ..Computer configuration
အောက်ကခေါင်းစဉ်နောက်တစ်ခုဖြစ်တဲ့ User Configuration ကိုသွားပါ Administrative Templates -->system
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါပြီးရင်ပိတ်လိုက်လို့ရပါပြီခင်ဗျာ..
အမြဲအားပေးနေတဲ့ညီအစ်ကိုသူငယ်ချင်းများကိုပုံမှန်ပို့စ်အသစ်လေးတွေမတင်နိုင်တဲ့အတွက်တောင်းပန်
ပါတယ်..ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ..
ဖိုးတာတေ
Sunday, May 3, 2009
Virus ကိုမိမိစက်ထဲကိုမဝင်အောင်ကာကွယ်နည်း..
ကြောက်မက်ဖွယ်ကောင်းသော Virus အသစ်.
အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း (အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment file နဲ့ mail လာပါလိမ့်မယ်။ မေးက ပုံကအရမ်းလှတယ်တဲ့။အဲ့တာကိုဖွင့်လိုက်ရင် Hard disk Drive sector ကိုburn တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။ ၀င်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာကMcAfee company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။ အဲ့တာဆို OK သွားပါလိမ့်မယ်။ ဒီပို့စ်လေးကိုကိုယ့်သူငယ်ချင်းတွေဆီforward လုပ်ပေးပါ ။
ကျွန်တော်လည်းတစ်ခါမှတော့မကြုံဘူးသေးပါ.ကြုံဘူးသောသူငယ်ချင်းမှား၏
ပြောပြချက်ကြောင့်သိရတာပါ..မိတ်ဆွေတို့လည်းကိုယ်တိုင်းကြုံဖူးရင်သိကြမှာပါ..
သူငယ်ချင်းများအားလုံးဗိုင်းရပ်စ်ရန်မှကင်းဝေးကြပါစေ..
Swine Fluခေါ်ကြောက်မက်ဖွယ်ဝက်တုတ်ကွေး
ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ
(Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။
Swine Flu ဆိုတာ ဘာလည်း။
Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus
အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်
ရာရောဂါ ဖြစ်ပါတယ်။
လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့်
ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။
Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။
Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊
လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊
မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊
အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ
့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။
Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်
ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu
ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu
ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း
ကူးစက်နိုင်ပါတယ်။
Se Fluwin ကို ဘယ်လိုကာကွယ်တားဆီးမလည်း။
ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ
မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး
နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက
မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး
အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန်
ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို
ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော
အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။
Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။
မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု
ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့် 
(သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။
မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော
လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ
ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော
စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက
လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ
ရှောင်သင့်ပါတယ်။
ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ
့သင့်ပါသလည်း။
Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို
ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက
လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။
အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း
အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊
ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊
ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။
Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင်
နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊
အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့ 
အမြန်သွားရောက် ပြသသင့်ပါတယ်။
Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့်
ကူးစက်နိုင်ပါသလား။
ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine
flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။
Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။
အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ
ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu
ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။
Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။
ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း
(အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ
(၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊
အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။
ပေးပို့သူ သူငယ်ချင်းအား ကျေးဇူးတင် ရှိလျှက်... မြန်မာပြည်သူပြည်သား
များဘေးအန္တရာယ်ကင်းဝေးကြပါစေ။
Thursday, March 19, 2009
Gtalk Skin လှလှလေးနဲ့ချက်မယ်နော်..

ဒါလေးကတော့Gtalk Skin လှလှလေးပါ..ဂျီတော့ကိုပုံစံလှလှလေး
တွေနဲ့ချက်ချင်သူတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်..
မိမိကွန်ပျူတာမှာဂျီတော့ ဆော့ဖ်ဝဲကိုတင်ထားစရာတောင်မလိုပါဘူး
ဒီအိုင်ကွန်လေးကိုDesktop ပေါ်တင်ပြီးတန်းဖွင့်လိုက်ရုံပါပဲခင်ဗျား
ဒါပေမယ့်သူ့ရဲ့အားနည်းချက်ကတော့..ဂျီတော့ကိုClone လုပ်လို့
မရပါဘူးခင်ဗျာ.တစ်ခုတည်းနဲ့ပဲချက်ရမှာပါ..ဒါပေမယ့်မိတ်ဆွေတို့
ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်.အခြားတစ်ယောက်နဲ့ချက်နေ
စဉ်မှာကျွန်တော်တို့သုံးနေတဲ့ဂျီတော့တွေမှာတစ်ဘက်သူကမိမိဆီကို
လက်ကွက်ရိုက်နေရင်.ကီးဘုတ်ပုံစံလေးနဲ့အချက်ပြတာကိုတွေ့ဖူးမှာပါ.
ဒါလေးကတော့အဲဒီိလိုမဟုတ်ပဲ မြန်မာလိုဖော်ပြပေးပါလိမ့်မယ်.
အားလုံးပဲကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်..
အောက်မှာဒေါင်းလိုက်ပါနော်..
ဖိုးတာတေ
Gtalk လိုပဲ Yahoo Messenger ကို Clone လုပ်ကြစို့

Gtalk လိုပဲYahoo Messenger ကိုတစ်ခုထက်ပိုအောက်ဖွင့်
လို့ရနေပါပြီ..သိတဲ့သူများလည်းသိကြမှာပါ..ဒီနည်းလေးကအင်
မတန်မှာအသုံးဝင်မှာပါ..တစ်ချို့ဟာအင်တာနက်မှာYahoo Account
အများကြီးနဲ့တစ်ပြိုင်တည်းချက်ချင်ကြပါတယ်..ဒီလိုတစ်ပြိုင်တည်းဖွင့်
ဖို့အတွက်အခက်အခဲရှိပါလိမ့်မယ်..ကွန်ပျူတာတစ်လုံးကိုတစ်ခုပဲဖွင့်ခွင့်ပေးထား
တာပါ..ဒီလိုဘရောက့်စာလေးတွေအများကြီးဖွင့်ဖို့အတွက်..မိမိကွန်ပျူတာမှ
Registry ကိုဝင်ပြင်ရပါတယ်..မိတ်ဆွေများအလွယ်တစ်ကူသုံးရတာအဆင်
ပြေအောင်လို့..ကျွန်တော်အဆင်သင့်လုပ်ပြီးသားလေးကိုတင်ပေးလိုက်ပါတယ်..
အောက်မှာဒေါင်းလိုက်ပါနော်.
သူ့ကိုဒေါင်းလုပ်လုပ်ပြီး..Extract ဖြည်လိုက်ပါ..zip file
လေးနဲ့လုပ်ထားတာပါ..Extract လုပ်ပြီးသွားရင်folder ကိုဖွင့ိလိုက်
ပါ.photartay ဆိုတဲ့ Registry icon လေးကိုတွေ့ရမှာပါ
အဲဒါလေးကို Double Click နှိပ်ပြီး.Run လိုက်ပါ.ပြီးရင်
Yes ကိုနှိပ်လိုက်ပါ..နောက်တစ်ခါ Ok ကိုထပ်နှိပ်လိုက်ပါ..ဒါဆို
ရင်မိတ်ဆွေတို့ကွန်ပျူတာထဲမှာYahoo Messenger အတွက်
Registry ကိုပြင်ပြီးသားဖြစ်သွားပါပြီ..Yahoo Messenger
ကိုဖွင့်ကြည့်လိုက်ပါ.တစ်ခါပြီးတစ်ခါထပ်ဖွင့်ကြည့်ပါ.မိတ်ဆွေရဲ
Desktop ပေါ်မှာရော Taskbar ပေါ်မှာပါ Yahoo Messenger
လေးတွေအများကြီးဖြစ်နေပါပြီခင်ဗျာ..အားလုံးအဆင်ပြေချောမွေ့ကြပါစေ
ဖိုးတာတေ..
ဂျီတော့ကနေဟန်းဖုန်းကိုခေါ်ရအောင်..
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား
လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို
အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ
အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ
အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့
နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို
အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ
အတွက်တော့ဝမ်းနည်းပါတယ်
အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk
address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို
ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ
talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567
@talkster.gtalk2voip.com or for USA ,
use 12125551212@talkster.gtalk2voip.com
4.
Talkster မှ ပေးပို့တဲ့ confirmation ကို
instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local
Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့
ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို
အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင်
စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို
သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ
အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက
အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့
သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။
ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်,
သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန်
Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို
IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က
ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို
gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင်
သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့
10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး
သင့်အတွက် ရထားတဲ့ Talkster local phone
number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့
သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင်
တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့
ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number
လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google
Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု
ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions!
လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID
ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို
အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ
ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com
ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။
ဆရာမြတ်မှတဆင့်
ကိုညီနေမင်းမှ
ဖိုးတာတေ
ဂျီတော့ Short-cut လေးတွေပါခင်ဗျာ..
ဒီနည်းလေးကတော့ဂျီတော့ကိုမောက်စ်နဲ့မသုံးပဲကီးဘုတ်ကနေသုံး
လို့ရမယ့်shortcut key လေးတွေပါခင်ဗျာ..မသိသူကျော်သွား
သိသူဖော်စားဆိုသလိုပေါ့..သိပြီးသားသူတွေအတွက်တော့မဆန်းပေ
မသိသေးသူများအတွက်တော့.အင်မတန်မှအသုံးဝင်မယ်လို့မျှော်လင့်
ပါတယ်..ဂျီတော့မှသူငယ်ချင်းနဲ့လူတစ်ယောက်နဲ့စကားပြောနေချိန်မှာ
မေးကိုဖွင့်ချင်တယ်ဆိုရင်တော့ကီးဘုတ်မှ Function keyဖြစ်တဲ့ F9
ဆိုတဲ့ကီးလေးကိုနှိပ်လိုက်ပါနော်..ဒါဆိုရင်အီးမေးပို့
လိုအဆင်သင့်တန်းရောက်သွားပါလိမ့်မယ်..ထိုသူနဲ့
ပဲစကားပြောနေရင်းနဲ့သူ့ကိုနားကြပ်ဖြင့်စကားပြောလိုတဲ့အခါ
နောက် Function key ဖြစ်တဲ့ F11ကိုနှိပ်လိုက်ပါခင်ဗျာ..
စကားမပြောချင်တော့ဘူး..ပြန်ပိတ်ချင်တယ်ဆိုရင်တော့..F12 ကို
နှီပ်လိုက်ပါခင်ဗျာ..Call end ဖြစ်သွားပါမယ်..
လောလောဆယ်ချက်နေတဲ့ဘောက်စ်ကိုတခြားသူမမြင်အောင်အမြန်ပိတ်ချင်တယ်
ဆိုရင်တော့..ကီးဘုတ်မှ Esc ဆိုတဲ့ခလုပ်လေးကိုနှီပ်လိုက်ပါ..ချက်ချင်း
ပျောက်သွားပါမယ်ခင်ဗျာ..Alt+Esc ကတော့ချက်နေတဲ့ဘောက်စ်ကို
Taskbar ပေါ်ရောက်အောင် Minimize လုပ်တာပါခင်ဗျာ...
Tab ခလုပ်ကတော့.တစ်ယောက်နဲ့ချက်နေရင်းနဲ့နောက်တစ်ယောက်နဲ့
ချက်ရန်ပြောင်းတဲ့ခလုတ်ဖြစ်ပါတယ်ခင်ဗျာ..သူ့ကိုနောက်တစ်နည်းနဲ့လဲ
သုံးလို့ရပါတယ်ခင်ဗျာ..Ctrl+I ပါခင်ဗျာ.သူလည်းအတူတူပါပဲ..
သူကအပေါ်ကနေအောက်ကိုပြောင်းတာပါခင်ဗျာ..အောက်ကနေအပေါ်ကို
ပြန်တက်ချင်ရင်တော့မိတ်ဆွေတို့သိပြီးသားပါ..Shift+Tab နဲ့ပြန်သွား
လို့ရပါတယ်..နောက်တစ်နည်းကတော့ Ctrl+Tab ပါအဓိပ္ပါယ်အတူတူ
ပါပဲ..တကယ်လို့ဂျီတော့ဟာ Taskbar ပေါ်မှာ Minimize ဖြစ်နေရင်
ပဲဖြစ်ဖြစ် နာရီနားလေးမှာအိုင်ကွန်လေးပုံစံနဲ့ပဲရှိနေရင်တော့.ဂျီတော့ကို
ပြန်ပြီးခေါ်ချင်ရင် Maximize လုပ်ချင်ရင်တော့.Window+Esc ခလုပ်ကို
နှိပ်လိုက်ရုံပါပဲခင်ဗျာ...ပြီးတော့ဂျီတော့ကနေစာရိုက်နေရင်မိမိရိုက်လိုသောစာ
သားကိုပိုထင်ရှားချင်တယ်သိသာစေချင်တယဆိုရင်တောမိမိရိုက်လိုသောစာသားကို
*hi*စတားလေးအတွင်းမှာဝင်အောင်ရီုက်လိုက်ပါ..ဒါဆိုရင်စာသားမမဲသွားပါ
လိမ့်မယ်တစ်ခြားစာသားတွေထက်ပိုပြီးထင်ရှားတာကိုတွေ့ရပါမယ်..
နောက်တစ်နည်းကတော့မိမိစာလုံးပုံစံကိုစောင်းချင်တယ်ဆိုရင်တော့.
_hi_ဆိုပြီးရိုက်ထည့်လိုက်ပါ..ဒါဆိုရင်စာလုံးလေးတွေကစောင်းသွားပါပြီ
စောင်းလဲစောင်းချင်တယ်မည်းလည်းမည်းချင်တယ်ဆိုရင်တော့.*_hi_*
ဒီလိုရိုက်ထည့်လိုက်ပါခင်ဗျာ..အားလုံးအဆင်ပြေကြပါစေ..
ဖိုးတာတေ
