Monday, February 2, 2009

ချစ်သူကို သင်ဘယ်အချိန်မှာ ဖုန်းဆက်တက်သလဲ

၁။ အိမ်ယာနိုးနိုးချင်း ဆက်တက်သူ
အချစ်နဲ. ပတ်သက်လာရင် သင်ဟာ အရင် လူပ်ရှားတက်သူဖြစ်သည်။
သင်ဟာ အခွင်.အရေးကောင်းနဲ. ကြုံ၇င် လက်မလွတ်တက်သူဖြစ်တယ်။
အချစ်စစ်သူရဲကောင်း အမျိုးအစား ဖြစ်တယ်။ အချစ်အတွက် ပျော်ပျော်ကြီး
စွန်.လွတ်အနစ်နာခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှ မမျှော်ကိုးပဲ ပေးဆပ်သူ၊
ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှ တုံ.ပြန်မူမရလည်း
အပြစ်မတင်တက်သူဖြစ်တယ်။ အချစ်မှာ သင်ဟာ ပျော်နေတက်ပေမဲ.
အကြံတစ်ခုတော. ပေးချင်ပါတယ်။ ချစ်သူအပေါ်ထားတဲ. သင်.ရဲ.
ကြင်နာ ယုယမူတွေဟာ ချစ်သူအတွက် အကျင်. မဖြစ်သွားစေပါနဲ.။
ချစ်သူဆိုတာ နှစ်ဦးနှစ်ဖတ် အပေးအညီ မျှဖို.လိုတယ်။ သင်.အတွက်
အလိုက်ဖက်ဆုံး လူဟာလဲ သင်.ကို ချစ်ခင်ကြင်နာတဲ.သူ၊ သင်.ကိုတန်
ဖိုးထားသူပဲ ဖြစ်သင်.ပါတယ်။
၂။ လမ်းပေါ်မှာ ဆက်တက်သူ
အချစ်ကြောင်. အရသာ မပျက်တက်သူ၊ ဘ၀မှာ ပျော်ပျော်နေတက်သူ
ဖြစ်ပြီး အချစ်မရှားသူ ဖြစ်တယ်။ ဘ၀ရဲ. ထောင်.တစ်နေရာရာ ကနေ
ကိုယ်.အတွက် ပျော်ရွင်မူကို ရှာတက်သူဖြစ်ပြီး နှစ်ဦး နှစ်ဖက် ရဲ.
အပြောအဆိုကို အလွန်ဂရုစိုက်တက်ဘူဖြစ်တယ်။ ချစ်သူဘာကို
အလိုရှိသလဲ ဆိုတာ သင်သိသင်.ဖို.အတွက်
အကြံတစ်ခုပေးချင်ပါတယ်။ သင်ဟာ စန်းပွင်.သူဖြစ်ပေမဲ.
တစ်ယောက်တည်း ကိုပဲ သတ်သတ်မှတ်မှတ် ချစ်တဲ. အချစ်ကမှ
သင်.နဲ. အသင်.တော် ဆုံးဖြစ်တယ်။ ဘာဖြစ်လို.လဲဆိုတော.
သင်.ရဲ.စိတ် တစ်စိတ်ထဲနဲ. လူအများကို ခွဲဝေပေးဖို. မဖြစ်နိုင်လို.ပါပဲ။

၃။ အလုပ်ချိန်မှာ ဆက်တက်သူ
သင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမန်တစ် မဆန်သလို နားဝင်ချိုတဲ.
စကားကိုလည်း ပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘ၀ရဲ.
တစ်စိတ်တစ်ဒေသလို. ထင်သူဖြစ်သည်။
သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်ကြောင်. ခေါင်းမစားသူဖြစ်တယ်။
သင်.အတွက်အကြံက အချစ်ကို သင်စတင်တော.မယ်ဆိုရင်
သူငယ်ချင်းအဆင်.ကနေ တဖြည်းဖြည်း စတင်တာဟာ အကောင်း
ဆုံးဖြစ်တယ်။ ဒါပေမဲ. သူငယ်ချင်း အဆင်.ပဲရှိသေးတယ်
သူငယ်ချင်းအဖြစ်နဲ.တော. မရပ်ဆဲမိဖို. လိုလိမ်.မယ်။

၎။ အိပ်ယာမ၀င်ခင် ဆက်တက်သူ
သင်ဟာ အချစ်ရဲ ကျွေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။
ချစ်သူက သင်.အပေါ် နည်းနည်း ကောင်းပြ၊ ကြင်နာပြတာနဲ.
သင်ဟာ သူ.အပေါ် ဆယ်ဆ ပြန်ကောင်းလိုက်တက်တယ်။
ချစ်သူအလိုရှိတာကို ပါးစပ်ဟ လိုက်တာနဲ. သင်က ဘာမဆို
အားလုံးအိုကေ စေရမယ်ဆိုတဲ. အစားမျိုးဖြစ်တယ်။ သင်.ကို
အကြံတစ်ခု ပေးချင်ပါတယ်။
တစ်ခါတစ်လေမှာ အချစ်ဆိုတာ တရားမမျှတတဲ. ကစားနည်းပါ။
ပေးဆပ်မူနဲ. ရယူမူက ဘယ်တော.မှ တစ်ထပ်တည်း မကျဘူး။
ဒါ.ကြောင်. အချစ်နွံထဲ အရမ်းနစ်ဝင်မသွားစေနဲ.။ နောက်သင်.မှာ
အချစ်အတွက် တိုင်ပင်ဖော်လေး လိုပါတယ်။ ဥပမာ သူငယ်ချင်း
သို.မဟုတ် အိမ်သူအိမ်သား၊ သူတို.က သင်.အတွက်အကြံဥာဏ်
ကောင်းတွေ ပေးနိုင်ပါလိမ်.မယ်။

၅။ ဆက်ချင်တဲ.အချိန် ဆက်တက်သူ
ချစ်သူကိုယ်ပေါ်ကနေ ကိုယ်လိုချင်တဲ. အရာကို ရှာဖွေတက်
သူဖြစ်တယ်။ ချစ်သူလိုတစ်မျိုး၊
သူငယ်ချင်းလို တစ်မျိုး ကူညီ စောင်.ရှောက်တက်သူလည်း
ဖြစ်တယ်။ တစ်ခြားသူ.နဲ. ခင်မင်သွားလည်း ချစ်သူအပေါ်
အချစ်မပြောင်းတက်သူ ဖြစ်တယ်။ အကြံတစ်ခုပေးချင်တာက
ချစ်သက်တမ်းကြာလေလေ ချစ်သူရဲ.အပြစ် အနာအဆာကို
တွေ.မြင်နိုင်ဖို. ခဲယဉ်းလေလေ ဖြစ်တက်တာကြောင်.
ချစ်သူအပေါ် မကျေနပ်တာ၊ အလိုမကျတာတွေကို စိတ်ထဲမှာ
သိမ်းမထားပဲ ချက်ချင်းထုပ်ဖော်ပြောသင်.တယ်။
အလိုမကျတာတွေ ကို ရင်ထဲမှာပဲ သိမ်းဆည်းထားရင်
နောက်ဆုံးမှာ အင်အားပြင်းတဲ. မီးတောင် အဖြစ် ပေါက်ကွဲနိုင်ပါတယ်။
မှတ်ချက် - သူငယ်ချင်းတယောက်မေးနဲ.ပို.ပေးလို. သဘောကျတာနဲ.
မျှဝေလိုက်ခြင်းဖြစ်ပါတယ်။


ဆက်လက်ဖတ်ရှူရန်...

မိန်းမဆိုတာ..

> If you kiss her, you are not gentlemen
> သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
> If you don't, you are not a man
> မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
> If you praise her, she thinks you are lying
> သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
> If you don't, you are good for nothing
> မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
> If you agree to all her likes, she is abusing
> သူမကြိုက်တာတွေကိုသင်အာလုံးသဘော
> တူရင်... သူမကောင်းပြောတော့မယ်
> If you don't you are not understanding
> သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
> If you visit her too often, she thinks it is boring>
သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
> If you don't, she accuses you of double crossing
> မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
> If you are well dressed, she says you are a playboy
> သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... သင်ဟာ စတိုင်များသူလို့
သူပြောမယ်
> If you don't, you are a dull boy
> မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
> If you are jealous, she says it's bad
> သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
> If you don't, she thinks you don't love her
> အလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
> If you attempt a romance, she says you didn't respect her
> သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်
ပါတယ်လို့ ပြောမယ်..
> If you don't, she thinks you don't like her
> မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
> If you kiss her once in a while, she professes you are cold
> သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ
> သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
> If you kiss her too many, she yells that you are taking advantage
> ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်
တတ်နေမယ်..
> If you fail to help her in crossing the street, you lack ethics
> သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ ယဉ်ကျေးမူမရှိသူ...
> If you do, she thinks it's just one of the man's tactics
> အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
> If you stare at other, she accuses you of flirting
> သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
> If she is stared by others, she says that they are just admiring
> သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
> If she talks, she wants you to listen
> သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
> If you listen, she wants you to talk
> သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...
>
> In Short:
> အတိုချုပ်ရင်
> So simple, yet so complex
> ရိုးရှင်းသလောက် ရှုပ်ထွေးသူ
> So weak, yet so powerful
> အားနည်းသလောက် စွမ်းအားရှိသူ
> So confusing, yet so desirable ... women!
> စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!

ဆက်လက်ဖတ်ရှူရန်...

ယောက်ျားဆိုတာ..

> If you kiss him, he kisses you back
> သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
> If you don't, he patiently waits
> မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
> If you praise him, he says thanks you
> သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
> If you don't, he feels secure in your love
> မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
> If you agree to all his likes, you have met your fantasy man
> သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
> If you don't, you still get along
> မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
> If you visit him often, he welcomes you every time
> သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
> If you don't, he'll visit you instead
> သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
> If you are well dressed, he says you are beautiful
> သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့
သူကပြောမယ်
> If you don't, you are still beautiful
> အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
> If you are jealous, he reassures you and holds you
> သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
> If you're not, he gives you no reason to be
> မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
> If you kiss him once in a while, he's appreciative of your affection
> သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်...
> သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
> If you kiss him often, he will always have you on his mind
> မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
> If you stare at another man, he knows that you're only admiring
> သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
> If he is stared by other women you know why-he's one hot babe
> သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
> If you talk, he'll always listen
> သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
> If you listen, he'll tell you anything you want to know
> သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...
>
> In short:
> အတိုချုပ်ရင်
> So complex, yet so direct
> ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
> So strong, yet so supportive
> ခွန်အားရှိသလို... အရမ်းပံပိုးသူ...
> So dazzling, yet so humble
> တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
> So passionate, yet so marvelous... .MEN!
> စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား...


ဆက်လက်ဖတ်ရှူရန်...

ဘ၀ဆိုတာ...

> Life is an opportunity, benefit from it.
> ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
> Life is a beauty, admire it.
> ဘ၀ဆိုတာ အလှတရား... လေးစားပါ...
> Life is a dream, realize it.
> ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
> Life is a challenge meet it.
> ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
> Life is a duty, complete it.
> ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
> Life is a game, play it.
> ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
> Life is a promise fulfill it.
> ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
> Life is sorrow, overcome it.
> ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...> Life is a song, sing it.
> ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
> Life is a struggle, accept it.
> ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
> Life is a tragedy confront it.
> ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
> Life is an adventure, dare it.
> ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
> Life is luck, make it.
> ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
> Life is life, fight for it."
> ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...


ဆက်လက်ဖတ်ရှူရန်...

" အိပ်ရေးပျက်သူများ "

နေ့ညမပြတ် ၊ အလုပ်ဖျက်လို့
အိပ်ပျက်ညတွေ ၊ သိပ်များနေပြီ
အသေအမော ၊ ဒီညစောစော ယူ ရမယ် ။

ပျော်လုပျော်ခင် ၊ အိပ်နေစဉ်ဝယ်
ကျုပ်ရင်ခုန်ကြမ်း ၊ မျက်စိလန်းအောင်
ဘေးခန်းကမောင် ၊ အာရုံဆောင်လေပြီ ။

ချိုးချွတ်ဂိုးဂွမ်း ၊ သင်းတို့ခန်းက
သောင်းကျန်းနေပါ့ ၊ ဘာကိစ္စတုန်း
စဆုံးသိအောင် ၊ နားစိုက်ထောင်မယ် ။

ကြားဝင်လေသွေး ၊ ဝေးမယ်ထင်သော
ဒီလင်မယား ၊ အသံကြားရတာ
တအားစိုးနှောင့် ၊ အာခေါင်ခြောက်နေပြီ ။
မီးကမှိတ်တုတ် ၊ တဖုတ်ဖုတ်နှင့်
မဟုတ်မှလွဲရော ၊ ဘသားချောတို့
ပြောလို့မကောင်း ၊ ငြိမ်ပြီးချောင်း(ဦး)မှ ။

ထရံပေါက်နား ၊ ကျုပ်ရောက်သွားပြီး
တအားစူးစမ်း ၊ အထဲလှမ်းကြည့်တော့
အရမ်းတိကျ ၊ ကျုပ်သိရပေပြီ ။

ဂျာနယ်ကိုလိပ် ၊ အံကိုကြိတ်လို့
မအိပ်မနေ ၊ သင်း တို့တွေက
သွေးတွေသောက်သွား ၊ ကြမ်းပိုးများအားတအားသတ်နေကြသည်ကိုး…… တောက် ! ။

source>>> သူငယ်ချင်းမေးမှတဆင့်


ဆက်လက်ဖတ်ရှူရန်...

တုန့်ပြန်ဖို့တော့ အချိန်ပေးပါ..

ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့
စကားလုံးတွေဟာ
အတော်လေးတွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး
အားလုံးကို မျှဝေ
ပေးလိုက်ပါတယ်။အတွေးပွားနိုင်ကြပါစေ။
ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ
ထိုက်သင့်တဲ့
လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့
လူနဲ့တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။
ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက်
ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို
ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့
နောက်တံခါးကိုသတိမမူလိုက်မိတော့ဘူး။
အကောင်းဆုံး သူငယ်ချင်း ဆိုတာ ...ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း
ဘာစကားမှ မပြောလိုက်ရဘဲ ငေးမောပြီး
ခွဲခွာသွားကြပေမယ့် ရင်ထဲမှာ တူမတူနိုင်တဲ့ စကားလုံးတွေ
ကိန်းအောင်းသွားစေတာ သူငယ်ချင်းကောင်းပါ။
ကျနော်တို့ မဆုံးရှုံးမချင်း ဘာတွေ ပိုင်ဆိုင်ထားသလဲ ဆိုတာ ကျနော်တို့
သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျနော်တို့ဆီ ပစ္စည်းတချို့
ရောက်ရှိလာတဲ့အချိန်ကျမှ အရင်က ဒါတွေ ဘ၀မှာ
လစ်ဟာနေခဲ့ပါလားလို့ သိလိုက်ရတယ်။
တစ်ယောက်ယောက်နဲ့ ပြဿနာတက်ဖို့ မိနစ်ပိုင်းပဲ လိုတယ်။
တစ်ယောက်ယောက်ကို
သဘောကျဖို့ နာရီပိုင်းလောက် အချိန်ပေးရမယ်။
တစ်ယောက်ယောက်ကို ချစ်ဖို့
ဆိုရင် ရက်အနည်းငယ် အချိန်ကြာသွားကောင်း ကြာသွားမယ်။ ဒါပေမယ့်
လူတစ်ယောက်ယောက်ကို မေ့ပျောက်ပစ်ဖို့တော့ တစ်ဘ၀စာလောက်
အချိန်ယူရလိမ့်မယ်။
အမြင်အာရုံနောက် မလိုက်ပါနဲ့။ လှည့်ဖျားတတ်တယ်။ ဥစ္စာဓနနောက်
မလိုက်နဲ့။ကုန်ဆုံးတဲ့ တစ်နေ့တော့ ရှိမှာပဲ။ သင့်ကို ပြုံးအောင်
လုပ်နိုင်သူကိုတော့
တန်ဖိုးထားစေချင်တယ်။ မှောင်ရိပ်ခိုနေတဲ့ နေ့စွဲတွေကို
ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။
မက်ချင်တဲ့ အိပ်မက်တွေ မက်လိုက်ပါ။ သွားချင်တဲ့ နေရာတွေ သွားလိုက်ပါ။
ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ
အသက် တစ်ချောင်းပဲ ရှိတယ်။ လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးဆိုတာ
တစ်ခါတည်းပဲ ရတာလည်း ဖြစ်နိုင်တာပဲ။
ချိုသာတဲ့ လူသား ဖြစ်ဖို့ လုံလောက်တဲ့ ပျော်ရွှင်မှု ရှိပါစေ။ သန်စွမ်းသူ
ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။ လူသားဆန်ဖို့ လုံလောက်တဲ့
ပူဆွေးမှုတွေ ရှိပါစေ။ ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့
မျှော်လင့်ချက်တွေ ရှိပါစေ။
သူများရဲ့ နေရာကနေ အမြဲ ၀င်ကြည့်ကြည့်ပါ။ သင့်ကို နာကျင်အောင်
လုပ်မယ့်ခံစားချက်တွေဟာ တခြားသူကိုလည်း နာကျင်စေမှာ မလွဲပါဘူး။
သင့် နှလုံးသားကို ပြုံးရွှင်အောင် လုပ်နိုင်သူကို ရှာပါ။ သင့်ရဲ့
အိပ်မက်တွေထဲက ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘ၀ အဖြစ်
ဖန်တီးချင်လောက်အောင်လွမ်းဆွတ်စေခဲ့တဲ့ စက္ကန့်တိုင်းဟာ သင့်ဘ၀ရဲ့
အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။
အပျော်ရွှင်ဆုံး လူသားတွေ အတွက် အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့
မလိုအပ်ပါဘူး။ သူတို့ အနီးအနားမှာ ဖြတ်သန်း သွားလာနေတဲ့ အရာအားလုံး
နီးပါးကိုပဲ တန်ဖိုးထားလိုက်တာပါ။
အချစ်ဟာ အပြုံးနဲ့ စတင်တယ်။ အနမ်းကြောင့် ရှင်သန်လာပြီး မျက်ရည်နဲ့
အဆုံးသတ်တယ်။အထွန်းတောက်ဆုံး အနာဂါတ်ဟာ မေ့ပျောက်သွားတဲ့
အတိတ်မှာပဲအမြဲအခြေခံပါတယ်။ အတိတ်က နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို
ထွက်သွားခွင့်မပေးရင်တော့ သင်ဟာ ဘ၀ခရီးကို ဘယ်လိုမှ
ဆက်လျှောက်နိုင်မှာ မဟုတ်ပါဘူး။မွေးဖွားလာတုန်းက သင်ဟာ ငိုနေတယ်။
သင့် ဘေးပတ်လည်က လူတွေ အားလုံး
ပြုံးနေကြတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလို ဖြစ်အောင် အခုကတည်းက
နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင့်ပတ်လည်က လူတွေ အားလုံး
ငိုနေကြပေမယ့် သင်ဟာ ပြုံးနေနိုင်သူ တစ်ဦးပေါ့။

ဆက်လက်ဖတ်ရှူရန်...

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်

၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့်
ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံး
နည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်
မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ
လုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်
နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်
ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့
လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို
ရစေပါတယ်။


၅) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်
တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့်
ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့
စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ်သောက်တတ်သူတွေ ကျွန်မ
Blog ကို လာဖတ်ကြပါတော့မလားတောင် မသိဘူးး)) ဆေးလိပ်သောက်ခြင်းကြောင့်
ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့
စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်
ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။
အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ
မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။


(သူငယ်ချင်းတစ်ယောက်မေးမှတဆင့်)


ဆက်လက်ဖတ်ရှူရန်...